ကလေးလေးကို ကြည့်ပြီး ပျော်နေတာ ။

ဝါရင့်သရုပ်ဆောင်ကြီး ဝါဝါဝင်းရွှေက စန္ဒီမြင့်လွင်နဲ့ သမီးလေးကို သွားတွေ့ခဲ့ပါတယ်။ သမီးလေးကို ကြည့်ပြီး ချစ်မဝ ဖြစ်လို့နေပါတယ်။

Photo : ဝါဝါဝင်းရွှေ

ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်း ဖြစ်တဲ့ ဝါဝါဝင်းရွှေက စန္ဒီမြင့်လွင်နဲ့ သမီးလေးကို သွားရောက် တွေ့ခဲ့ပါတယ်။ ဝါဝါဝင်းရွှေတစ်ယောက် ချစ်စရာကောင်းတဲ့ မြေးမလေးကို ကြည့်ပြီး  ချစ်မဝ ဖြစ်လို့နေပါတယ်။ စန္ဒီမြင့်လွင်တို့ သားအမိနဲ့အတူ ဓာတ်ပုံတွေ ရိုက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါသေးတယ်။ “ချစ်သမီး ဒီဒီ မွေးတဲ့ ချစ်မြေးမချောလေးနဲ့ ပျော်နေတဲ့ ဖွားဖွားနှစ်ယောက်” ဇူလိုင်(၁၅) ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။

Photo : ဝါဝါဝင်းရွှေ

စန္ဒီမြင့်လွင်က ပထမဆုံး ရင်သွေးလေးကို ၂၀၁၉ခုနှစ်၊ ဇူလိုင်(၁၄) ရက်နေ့က ပန်းလှိုင် ဆေးရုံကြီးမှာ အောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးက မွေးဖွားချိန်မှာ ၆ပေါင်ရှိတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်ဟာ သမီးလေး မမွေးခင်ကတည်းက အလှူအတန်းတွေ များများလုပ်ခဲ့သူ တစ်ဦးပါ။

အဲဒီအပြင် သမီးလေး ကြီးလာရင် နေဖို့ အခန်းတွေ၊ သမီးလေးအတွက် ကလေးအဝတ်အစားတွေ၊ ကစားစရာတွေ နဲ့ အသုံးအဆောင်အားလုံးကို စုဆောင်းထားပြီးသားဖြစ်ပါတယ်။ သူမဟာ သမီးလေး အရမ်းလိုချင်ခဲ့တာဖြစ်ပြီး သမီးလေး နာမည်ကိုလည်း ချစ်စနိုးနဲ့ Treasure လို့ နာမည်ပေးထားပါတယ်။

Photo : ဝါဝါဝင်းရွှေ

ဝါရင့်သရုပ်ဆောင်ကြီး ဝါဝါဝင်းရွှေဟာ အသက်(၁၆)နှစ်အရွယ်မှာ “စိတ်”ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့တာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကာေးပါင်း ရာကျော် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပေါင်း ၅၀ ကျော်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။ “ချစ်သမီး” ၊ “ချောင်းကိုပစ်၍မြစ်ကိုရှာ” ဇာတ်ကားနဲ့ “မိန်းကလေးရှင်ရဲ့ဆန္ဒ” ဇာတ်ကားတို့နဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားတို့နဲ့ ရုပ်ရှင်ထူးချွန်ဆု (၃)ခုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က