အိမ်ခြေ(၂၀)စာအတွက်လှူဒါန်းခဲ့တာပါ။

အဆိုတော် စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံက ဒီနေ့မှာ အိမ်ခြေ(၂၀)စာအတွက် သစ်တံခါး ဆရာတော်ကြီးထံ ကုသိုလ်ပြုခဲ့ပါတယ်။

Photo ; စန္ဒီမြင့်လွင်

အဆိုတော် စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံက ဒီနေ့(ဧပြီ၁၇ရက်)မှာ နှစ်သစ်အလှူအနေနဲ့ သစ်တံခါးဆရာတော်ကြီးထံ သွားရောက်ပြီး ကုသိုလ်ပြုခဲ့ပါတယ်။ အိမ်ခြေ(၂၀)စာအတွက် ဆန်၊ဆီ၊ဆား၊ဆေးနဲ့ ငွေအလှူတို့ကို သစ်တံခါးဆရာတော်ကြီးထံ အလှူပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သစ်တံခါးဆရာတော်ကြီးနှင့်နှစ်ဘက်မိဘများအားအမှူးထား၍ အိမ်ခြေ၂၀နှစ်ဆန်းတစ်ရက်နေ့အလှူခုနှစ်ရက်သားသမီးအားလုံးထပ်တူရပါစေစိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းများပြည့်စုံ၍ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ ကိုသီဟလွင်နဲ့စန္ဒီမြင့်လွင် သမီးလေးTreasure မိသားစု” ဆိုပြီး ဧပြီ(၁၇) ရက်နေ့က စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo ; စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်က လက်ရှိမှာ ကိုယ်ဝန်လ(၆)လထဲမှာ ရောက်နေပြီဖြစ်တာကြောင့် သီချင်းတွေ သိပ်မဆိုဖြစ်တော့ဘူးလို့ ဆိုပါတယ်။ သမီးလေးကိုယ်ဝန်လွယ်ထားရတဲ့အတွက်လည်း စန္ဒီမြင့်လွင်တစ်ယောက် အရမ်းပျော်လို့နေပါတယ်။ စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။

Photo ; စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ကတော့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီး နောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က