ဇွန်လ ၂၇ ရက်နေ့ဆိုရင် ရုံတင်ပြသပြီဖြစ်ပါတယ်။

မကြာခင် ရုံတင်ပြသတော့မယ့် ‘’ စိန်ဂေါ်လီမ’’ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေက ဘယ်လို အမွှေဇယားတွေနဲ့ ဟာသခင်းထားသလဲ ဆိုတာကို ပြောပြထားပါတယ်။

Photo: Sein Gawle Ma



‘’စိန်ဂေါ်လီမ ယောကျ်ား’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲကို ဇွန်လ ၂၃ ရက်နေ့ ညက Golde Class Cinema မှာ ပြုလုပ်ခဲ့ပါတယ်။ ဇာတ်ကားအမျိုးအစားကတော့ ဟာသ ဇာတ်မြူး ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိုးမြတ်သူဇာက လည်း သူမရဲ့ ကာရိုက်တာအကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် မိတ်ဆက်ပေးခဲ့ပါတယ်။

‘’ ဒီဇာတ်ကားထဲမှာကလေ အလုပ်သမားတွေဝတ်တဲ့ ယူနီဖောင်းကြီးကို မနည်းစွပ်ထားရတာ ကျပ်တောင်ကျပ်တယ်။ အဲဒီထက် ကြီးတဲ့ ဆိုဒ်လည်း မရှိတော့ဘူးဆိုတော့ ဝတ်ထားရတာပေါ့ ဝင်တော့ ဝင်သွားရတာပဲ အဲဒါကြီးနဲ့ တစ်နေကုန် ထိုင်နေရတာပေါ့။ အဆင်ပြေပါတယ်။ ဒီဇာတ်ကားရိုက်တာ ရုပ်ရှင်ရိုက်နေတာနဲ့တောင် မတူဘူး။ ပျော်စရာကောင်းတယ်’’ လို့ ဆိုပါတယ်။

Photo: Sein Gawle Ma

အဲဒီနောက် စိန်ဂေါ်လီမ ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာကတော့ ခိုင်သင်းကြည်ဖြစ်ပါတယ်။ တောမှာလည်း ဂေါ်လီလို နေသလို မြို့မှာလည်း မြို့ဂေါ်လီဆန်ဆန် ဖက်ရှင် လန်းလန်းလေးတွေနဲ့ မြင်ရဦးမယ်လို့ ဆိုပါတယ်။

‘’ အဓိက ကတော့ အဝတ်အစားကိုပဲ အဓိက ပြောင်းလိုက်တာပါ။ ရွာမှာတုန်းကတော့ တောဂေါ်လီပေါ့။ ဟော့ရှော့တွေ ဝတ်ချင်တာဆိုတော့ သူများတွေလို ခါးပတ်တွေပတ်တယ်။ ခါးလွတ်တွေ ချက်ပေါ်တွေ ဝတ်တယ်။ အဲဒါကို ကိုယ့်မှာရှိတဲ့ အစလေးတွေနဲ့ ချုပ်ထားတာပေါ့နော်’’ လို့ သူက ပြောပါတယ်။

Photo: Sein Gawle Ma

စိန်ဂေါ်လီမရဲ့ ညီမဝမ်းကွဲ သံဂေါ်လီမ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားသူကတော့ တက္ကသိုလ်ဂွမ်းပုံလေး ပါ။ ဆယ်စုနှစ်အကျော်ကြာဟာသဇာတ်ရုပ်တွေကို မခိုင်လေးနဲ့ သရုပ်ဆောင်ခဲ့ကြတဲ့ အမှတ်တရ တွေကို ပြောပြလာပါတယ်။

‘’ မခိုင်လေးနဲ့ကတော့ ဟိုး ဗီဒီယို ခေတ်ဦးကာလကတည်းက တွဲလာတဲ့ အနုပညာညီအစ်မတွေပါ။ အရမ်းကိုပျော်ရွှင်စရာကောင်းတယ်၊ အရမ်းကို အပေးအယူမျှတယ်၊ ဟာသမှာလည်း တစ်ဖက်ကမ်းခက်အောင် အရမ်းကို လုပ်နိုင်တဲ့ မင်းသမီးဖြစ်တဲ့အတွက်ကြောင့် ဒီဇာတ်ကားမှာလည်း မဂွမ်းတို့ နှစ်ယောက်က တောမှာလည်း ဘယ်လိုတွေ ဂေါ်ပြီးတော့ မြို့မှာလည်း ဘယ်လိုတွေ ဂေါ်ကြတယ်ဆိုတာကို ကြည်ရှုလိုက်ရင် သိမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Sein Gawle Ma

စိန်ဂေါ်လီမ ယောက်ျား ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၂၇ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားတာပါ။ သရုပ်ဆောင် ပြေတီဦး၊ ကျော်ရဲအောင်၊ ခင်လှိုင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည် နဲ့ တက္ကသိုလ် ဂွမ်းပုံလေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က