အသင်းဟောင်း ဂျုဗင်တပ်နဲ့ ပြင်သစ်နည်းပြ ဇီဒန်းကိုင်တွယ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေက စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက လက်ရှိအချိန်မှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေသင့်နေပြီလို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကိုရောက်ရှိနေချိန် ဂျပန်သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားဆုရှင်ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုတဲ့သတင်းတွေက သတင်းမီဒီယာတွေမှာ ရေပန်းစားသတင်းတစ်ပုဒ်ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းကို အတည်မပြုနိုင်ကြပဲ ခန့်မှန်းရေးသားဖော်ပြမှုတွေကိုသာ ပြုလုပ်နေကြပါတယ်။ လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကိုရောက်ရှိနေတဲ့ ပေါ့ဂ်ဘာရဲ့ဂျပန်မီဒီယာတွေကို ပြောခဲ့တဲ့စကားက အသင်းကထွက်ခွာတော့မယ်လို့ အတည်ပြုနိုင်ပြီး ဂျုဗင်တပ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေကို တပ်လှန့်လိုက်ပါတယ်။

Adidas ရဲ့ပရိုးမိုးရှင်းအစီအစဉ်အရ ကိုရီးယားနဲ့ဂျပန်နိုင်ငံတွေကိုရောက်ရှိနေတဲ့ ပေါ့ဂ်ဘာဟာ ဂျပန်နိုင်ငံကို ရောက်ရှိနေစဉ်မှာ စိန်ခေါ်မှုအသစ်တွေကိုရှာဖွေသင့်နေပြီလို့ ဂျပန်သတင်းထောက်ကို ပြောခဲ့ကြောင်း Daily Mail ကဖော်ပြခဲ့ပါတယ်။ “ကျွန်တော် မန်ချက်စတာမှာ သုံးနှစ်တောင်အကောင်းဆုံးလုပ်ပြခဲ့တယ်။ ဆိုးတဲ့အချိန်တွေလည်းရှိသလိုကောင်းတဲ့အချိန်တွေလည်း အများကြီးပါ။ ပြီးခဲ့တဲ့ရာသီကလည်း ကျွန်တော့်အတွက်အကောင်းဆုံးပါပဲ။ ဒီအချိန်က စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အကောင်းဆုံးအချိန်လို့ထင်ပါတယ်။”လို့ ပေါ့ဂ်ဘာက ဂျပန်မီဒီယာတွေကိုပြောခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ၂၀၁၆ဘောလုံးရာသီတုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉သန်းနဲ့ ဂျုဗင်တပ်ကနေ မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့လာတာပါ။ လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ပေါ့ဂ်ဘာကိုခေါ်ယူဖို့အတွက် အသင်းဟောင်း ဂျုဗင်တပ်နဲ့ ပြင်သစ်နည်းပြ ဇီဒန်းကိုင်တွယ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေက စိတ်ဝင်စားနေပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အတွက် ၉၂ပွဲကစားထားပြီး ၂၄ဂိုးသွင်းယူပေးထားနိုင်ပါတယ်။

Share

Loading Next Article...
က္က