သွန်းဆက် တစ်ယောက် အိမ်မှာနေရတဲ့ အချိန်ရောက်မှာ စားချင်တာတွေ၊ သွားချင်တာတွေ အရမ်းများနေတယ်လို့ ဆိုပါတယ်။
Photo: Thun Sett
ပရိသတ်အချစ်တော်မလေး သရုပ်ဆောင် သွန်းဆက်ကတော့ COVID-19 ကာလဖြစ်လို့ Stay Home နေရတဲ့ အချိန်မှာ လုပ်ဖြစ်နေတဲ့ အရာလေးတွေကို Duwun media ကနေ အခုလို ပြောပြလာပါတယ်။
“ အခုချိန်မှာ အစားတွေ လျှောက်စားချင်နေတယ်၊ ဆိုင်မှာ ထိုင်စားရတဲ့ Feeling တွေ အရမ်းလိုချင်နေတယ်။ ခရီးတွေလည်း အရမ်းသွားချင်နေတယ်။ အရင်တုန်းက ခရီးသွားထားတဲ့ ဓာတ်ပုံတွေ ပြန်တက်လာရင် ခရီးသွားချင်စိတ်တွေ ဖြစ်တယ်။ အခုချိန်မှာ ချစ်သူရှိတဲ့ သူတွေကတော့ ဖုန်းနဲ့ပြောလိုက်၊ Video Call ပြောလိုက်နဲ့ပဲ ဖြတ်သန်းဖြစ်ကြမယ်ထင်ပါတယ်။ သွန်းဆက်လို့ Single သမားတွေကတော့ ဇာတ်ကားတွေ တစ်ကားပြီးတစ်ကားကြည့်လိုက်၊ Feel လိုက်နဲ့ အဆင်ပြေပါတယ်” လို့ သူကဆိုပါတယ်။
Photo: Thun Sett
သူမဟာ အရင်တုန်းက အနုပညာအလုပ်တွေ လုပ်နေရတဲ့အချိန်မှာ မိသားစုကို အချိန်မပေးနိုင်ခဲ့တာကြောင့် အခုချိန်မှာ မိသားစုတွေနဲ့အတူ တစ်နေ့တာကို ပျော်ပျော်ပါးပါး ဖြတ်သန်းဖြစ်တယ်လို့ သွန်းဆက်က ဆိုပါတယ်။
“ ဒီ Stay Home ကာလမှာ မိသားစုကို အရင်ကထက် ပိုအချိန်ပေးပြီး ဖြတ်သန်းနေရတယ်။ ကိုယ်အတွေ့ချင်ဆုံးသူတွေက သူငယ်ချင်းတွေပဲ။ ကိုယ်မွေးလာကတည်းက အခုလို အခြေအနေမျိုးကြီး မကြုံဖူးဘူးလေ။ အခုလို အပြင်မထွက်ရတော့ဘူး၊ ကိစ္စရှိမှာ အပြင်ထွက်ရမယ် ဆိုတော့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ” လို့ သူက ပြောပါတယ်။
Photo: Thun Sett
COVID-19 ကာလပြီးသွားရင် ခရီးတွေ သွားချင်တယ်လို့လည်း သွန်းဆက်က ပြောပါတယ်။ အခုချိန်မှာ အရမ်းဖြစ်ချင်နေတဲ့အရာတွေကို ကပ်ကြီးပြီးသွားရင် အကောင်အထည်ဖော်မယ်လို့လည်း သူက ပြောပါတယ်။
“ ဒီ ကပ်ကြီးပြီးသွားရင်တော့ ခရီးသွားဖြစ်မယ်ထင်တယ်။ အသွားချင်ဆုံးနေရာကတော့ ဘုရား အရမ်းသွားချင်တယ်။ ကိုယ့်မွေးလက March လလေ အဲဒီတုန်းက ဘုရားလည်းမသွားလိုက်ရဘူး။ ဒီလိုတွေ ဖြစ်နေတဲ့အချိန်မှာ ဘယ်မှလည်း မထွက်ရဘူးဆိုတော့လေ။ ပြီးတော့ ကိုယ်က အစားကြိုက်တဲ့သူဆိုတော့ သူငယ်ချင်းတွေနဲ့ အတူတူ မုန့်တွေ အကုန်လိုက်စားချင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Thun Sett
သွန်းဆက်ကိုတော့ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်sးသွက်ခပ်စွာ စွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင်ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာ ဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။
Share