သဘာဝတရားရိပ်သာမှာ အလှူအတန်းတွေ လုပ်ခဲ့တာပါ။

ဘုန်းလျှံဟာ သဘာဝတရားရိပ်သာမှာရှိတဲ့ Single Mother တွေ အတွက် အလှူလုပ်မယ့် ပစ္စည်းတွေ ဝယ်ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင် ဘုန်းလျှံဟာ ဇူလိုင်(၄) ရက်နေ့တုန်းက သန်လျင် သဘာဝတရားရိပ်သာမှာရှိတဲ့ Single Mother တွေအတွက် အလှူအတန်းတွေ လုပ်ပေးခဲ့ပါတယ်။ ဒီအလှူမှာ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကိုလည်း ထည့်သွင်း လှူဒါန်းဖြစ်တဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 



“လစဉ်သုံး ပစ္စည်းတွေ သွားဝယ်တဲ့ အခါတုန်းကလည်း ရယ်ကြတယ်။ ဒါ ရယ်စရာမှ မဟုတ်တာ ပွင့်ပွင့်လင်းလင်းပြောရရင် Single Mother တွေဆိုတာကလည်း မိန်းကလေးတွေပဲလေ။ သူတို့ အချိန်တန်လာရင်တောင်မှ ဒီအမျိုးသမီးလစဉ်သုံး ပစ္စည်း ဝယ်ဖို့အတွက် သူ့မှာ အခက်အခဲ အရမ်းရှိတယ်။ မလွဲမသွေ ကြုံရမှာပဲလေ။ ဒါ လိုအပ်ပါတယ်လို့ ဖွင့်ပြောပြန်ရင်လည်း သူတို့ရဲ့ စိတ်ထဲမှာ ရှက်နေ မိတာဆိုတော့ ခက်ခဲတဲ့ အရာမဟုတ်တဲ့ အတွက် ဒါ လှူမယ် ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာပါ" ဆိုပြီးတော့ ဇူလိုင် ၄ ရက်နေ့က သဘာဝ တရားရိပ်သာ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

သဘာဝတရားရိပ်သာမှာ လှူဒါန်းကုသိုလ်ပြုနိုင်ဖို့ နေရာတွေ အများကြီးရှိတယ်လို့ ဘုန်းလျံက ဆိုလာပါတယ်။ ယင်း ရိပ်သာထဲမှာ တကယ်လိုအပ်တဲ့ နေရာတွေလည်း အများကြီး ရှိနေသေးတဲ့အကြောင်း သူက ပြောပါတယ်။  

“ အဘိုးအဘွားအဆောင်မှာလည်း ဒိုက်ပါ လိုတယ်တဲ့။ လေဖြတ်နေတဲ့ အဘိုးအဘွားတွေလည်းရှိတော့ သူတို့ အတွက် အလေး၊ အပေါ့ မထိန်းနိုင်တဲ့ ဟာမျိုးလေးတွေ ဆိုရင် ဒိုက်ပါတွေ လိုအပ်တယ်။ ပြီးရင် စောင်၊ အင်္ကျီ အဝတ်အစားလေးတွေ လိုအပ်နေတယ်။ သဘာဝ တရားရိပ်သာမှာ ဘုန်းဘုန်းကလည်း ပံ့ပိုးပေးတဲ့ဟာတွေ ရှိပါတယ်။ သူ မနိုင်တဲ့ အပိုင်းလေးတွေလည်း ရှိတော့ ကိုယ်လည်း ကိုယ်နိုင်သလောက်လေး ကုသိုလ်ယူဖြစ်တယ်။ လေလွင့်တဲ့ ခွေးတွေ ထားထားတဲ့ ခွေးခြံကြီးလည်း ရှိတယ်။ အဲ့ဒီဘက်ကိုလည်း အစ်ကို သွားလှူ ပေးဖို့ရှိတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 


ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က