အလုပ်ကို ကြိုးစားလုပ်တယ်။

မသာယာတဲ့ အိမ်ထောင်ရေးကို ဆက်လျှောက်မယ့်အစား ကိုယ်တစ်ယောက်တည်း ရပ်တည်လိုက်တာ ပိုကောင်းတယ်လို့ သူမက ဆိုပါတယ်။ သူမရဲ့ ဘဝအကြောင်းကိုလည်း ပြောပြထားပါတယ်။

မျိုးစန္ဒီကျော်က Single Mother တစ်ယောက်အနေနဲ့ ရပ်တည်ရတာ ခက်ခဲတဲ့အချိန်တွေ ရှိနေပေမယ့်လည်း အရမ်းကို အဆင်ပြေတယ်လို့ ဆိုပါတယ်။

“သူများတွေတော့မသိဘူး အမကတော့ Single Mother ဘဝက အရမ်းအဆင်ပြေတယ်။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကို စိတ်ညစ်နေမယ့်အစား အရင်တုန်းကလည်း ကိုယ်တွေ ရုန်းရတာပဲ။ အရင်က စိတ်ဆင်းရဲပြီး အလုပ်လုပ်ရတယ်။ အခုဟာက ကိုယ့်ဘာသာကိုယ့် စိတ်ချမ်းသာသာနဲ့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်တယ်ဆိုတော့ အခုဘဝကို ပိုစိတ်ချမ်းသာတယ်” လို့ မေလ(၂၅) ရက်နေ့က ပြုလုပ်တဲ့  သူမရဲ့ ဆိုင်ဖွင့်ပွဲမှ မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။

အိမ်ထောင်ပြုခဲ့ဖူးတဲ့ သူမအနေနဲ့ အိမ်ထောင်ကျပြီးတဲ့သူတိုင်းက အိမ်ထောင်မပြုနဲ့လို့ တားကြတဲ့အပေါ်ကိုလည်း သူမက ယခုလို တုံ့ပြန်လိုက်ပါတယ်။

“အရမ်းကောင်းတဲ့ အိမ်ထောင်ရှင် အမျိုးသားတွေရှိတယ်။ အမသူငယ်ချင်း မိန်းကလေးကို သူ့ယောကျ်ားက အရမ်းချစ်တာတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ကံမတူဘူးလေ။ မိန်းမတွေရဲ့ ကံက ထီထိုးသလိုပဲဆိုတော့ လူတိုင်း ကံမဆိုးဘူး။ အဲဒီတော့ အိမ်ထောင်မပြုနဲ့လို့တော့ မပြောပါဘူး။ ယောကျ်ားကောင်းတွေ အများကြီးရှိတယ်။ ကံကောင်းတဲ့ သူကို ရွေးတတ်ဖို့ပဲလိုတာပါ။ ကိုယ်ကညံ့ခဲ့တာကို” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : မျိုးစန္ဒီကျော်

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော်၊ ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ လက်ရှိမှာတော့ သမီးလေးနဲ့အတူ တီဗီကြော်ငြာတွေ ရိုက်ကူးနေတာဖြစ်ပါတယ်။ အဲဒီနောက် ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ကူးထားပါသေးတယ်။

Share

Loading Next Article...
က္က