တစ်ယောက်တည်းနေတာကောင်းပါတယ်။

ခင်လေးနွယ်က သူမရဲ့ Single ဘဝကို သူငယ်ချင်းတွေကတောင် အားကျရတယ်လို့ ဝမ်းသာပီတိဖြစ်ရင်း ပြောပြလာပါတယ်။

Photo: အလင်းရောင်

သရုပ်ဆောင် ခင်လေးနွယ်က ချစ်သူလည်းမရှိ၊ အိမ်ထောင်ရေးကိုလည်း စိတ်ဝင်စားမှု မရှိသေးဘူးလို့ သိရပါတယ်။ ဒီအတွက် Single ဘဝ ရဲ့ အားသာချက်တွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ကိုယ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဟေ့ဆိုရင် လုပ်ချင်တဲ့အရာကို ချက်ချင်း ထလုပ်လို့ရတယ်။ အိမ်ထောင်သည်တွေကျတော့ ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုငဲ့ရတယ်။ သားသမီးတွေကို ပေးရတဲ့ အချိန်ပိုလာတဲ့ အခါကျတော့ ကိုယ်က Single ဆိုပေမယ့် သူတို့ကို နားလည်ပေးလို့ရတယ်’’ ဆိုပြီးတော့ Zoey Fashion Show ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo; ခင်လေးနွယ်

တစ်ယောက်တည်း နေရတဲ့ ဘဝကို အိမ်ထောင်သည် သူငယ်ချင်းတွေက အားကျလာတယ်လို့ ခင်လေးနွယ်က ပြောပါတယ်။

‘’ တစ်ခါတလေကျရင် တစ်ယောက်တည်းနေတာ ပိုကောင်းတယ်လိုု့ စဉ်းစားမိတယ်။ အခုနောက်ပိုင်း သူတို့လည်း ကိုယ့်ကို အားကျတာတွေရှိလာတယ်။ ဘာဖြစ်လို့လဲ မသိဘူးနော်။ ပိုပြီး ကြပ်တည်းလာလို့လား မသိ’’ ဆိုပြီးတော့ ရယ်ရယ်မောမော နဲ့ ပြောပြလာတာဖြစ်ပါတယ်။

Photo: ခင်လေးနွယ်

စီးပွားရေးဘက် ဦးစားပေး လုပ်ဖြစ်နေတဲ့ သူမက ဒီဇိုင်သင်တန်းလည်း တက်နေပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။

Photo: ခင်လေးနွယ်

ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က