Single is the Best ပါပဲ။

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတဲ့ အေသင်ချိုဆွေဟာ အရင်ကနဲ့ မတူတဲ့ ခန္ဓာကိုယ်အလှကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရသူပါ။ အရင်ကထက်စာရင် အများကြီးပြောင်းလဲသွားတဲ့ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို တစ်ယောက်တည်း ပဲ ဖြတ်သန်းနေပါတယ်။ Single Is The Best Ever ဖြစ်လို့ လက်ရှိမှာ ရည်းစားမရှိသေးပါဘူးတဲ့။

 

အနုပညာအလုပ်တွေ၊ ပရိသတ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်နေခဲ့တဲ့ အေသင်က အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင် နေပြီ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်သလို အရင်တုန်းကနဲ့ မတူတဲ့ သူမရဲ့ ခန္ဓာကိုယ်အလှ ကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရသူပါ။ အရင်တုန်းကနဲ့ မတူပဲ ပိုပြီးလှပလာတဲ့ သူမက လက်ရှိအချိန်ထိ တစ်ယောက် တည်းပါတဲ့။

"Single ပါပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ Single is the Best Ever အဲ့တော့ ထပ်ပြီးတော့လည်း Relationship တွေဘာတွေထပ်ထားဖို့လည်း အစီအစဉ်မရှိပါဘူး။အေသင်လွတ်လွတ်လပ်လပ် ဒီတိုင်းလေး နေရတာ ပိုသဘောကျတယ်။စိတ်ပူရမယ့်သူလည်းမရှိဘူး။ သဝန်တိုရမယ့် သူလည်းမရှိဘူး။အရမ်းအေးချမ်းတယ်" လို့ သူမက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးထားတာပါ။

 

အချစ်ရေးကို စိတ်မဝင်စားသေးတဲ့ သူမက အပျိုကြီးပဲ ဖြစ်တော့မလားမသိဘူးလို့လည်း ဆိုပါတယ်။

"အပျိုကြီး ဖြစ်လည်း ဖြစ်သွားနိုင်တယ်။ ဒီလိုနေရတာ ပိုပျော်ဖို့ ကောင်းလို့ ချစ်ရတဲ့သူလည်း ပင်ပန်းတယ်။ Idol တွေရဲ့ Relationship တွေကို ကြည့်ရတာလည်း ဓာတ်ပုံလေးတွေ တက်လာရင်သာ ပျော်ဖို့ကောင်းတာ။တကယ်တမ်း သူတို့လည်း သူတို့ပြဿနာတွေ အများကြီးရှိကြ တယ်။ မပြောတတ်ဘူးခေတ်ကြီးကိုက တစ်မျိုးကြီး ဖြစ်လာသလိုပဲ"လို့ သူမက ဆက်လက် ပြောပြခဲ့ပါတယ်။

သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။ ဇူလိုင်(၁၀) ရက်နေ့မှာ အွန်လိုင်းကနေ သီချင်းအသစ် ဖြန့်သွားမှာပါ။ သီချင်းနာမည်က "အသဲကွဲသီချင်းတွေမဆိုတော့ဘူး" လို့ ခေါ်ပါတယ်။

 

ပရိတ်တွေကို မိတ်ဆက်ပေးတော့မယ့် သီချင်းအသစ်လေးကိုလည်း ပရိသတ်ရင်ထဲရောက်စေချင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံး ကြိုးစားထားတာဖြစ်တဲ့အတွက်လည်း အောင်မြင်မယ်လို့ ယုံကြည်ထားတယ်ဆိုတာကို အေသင်ချိုဆွေက ပြောပြခဲ့ပါသေးတယ်။

'' ကိုယ် Comeback အနေနဲ့ ပြန်လုပ်တဲ့ အချိန်မှာ တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်ရင်ထဲကို ရောက်စေချင်တယ်။ နည်းနည်းတော့ ခေါင်းစားရတယ်၊ စိတ်လည်းနည်းနည်းပူရတာပေါ့နော်။ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ကိုယ်လုပ်လိုက်တဲ့ သီချင်းတစ်ပုဒ်က ပရိသတ်ရင်ထဲရောက်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ယုံကြည်ထားတယ်'' လို့ သူကဆိုပါတယ်။

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က