မျိုးစက်သစ်တွေကို အားပေးသင့်တဲ့ပွဲတစ်ပွဲပါ။

ဇေရဲထက်က Star Awards ဆုပေးပွဲမှာ နာမည်ကျော် သရုပ်ဆောင် တော်တော်များများ တက်ရောက်လာတာ မတွေ့ရတဲ့အတွက် စိတ်မကောင်းဘူးလို့ဆိုပါတယ်။ ဒီဆုပေးပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

ဇေရဲထက်က Star Awards ဆုပေးပွဲကို တက်ရောက်ရင်း စီနီယာအနုပညာရှင်များစွာတို့ကို မတွေ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီပွဲဟာ မျိုးဆက်သစ်အနုပညာရှင်လေးတွေကို အားပေးရမယ့် ပွဲဖြစ်တယ်လို့ မီဒီယာ တွေကနေတဆင့်ပြောလာပါတယ်။



‘’ဟိုမှာကျတော့ စီနီယာတွေ အများကြီးတွေ့ရတာပေါ့။ ဒီမှာကျတော့ နည်းနည်းတော့ သိပ်မတွေ့ရဘူး။ အလုပ်မအားတာတွေလည်းရှိမယ်နဲ့တူတယ်။ ဒါကတော့ မျိူးဆက်သစ်လူငယ်လေးတွေအတွက်က အရမ်းခွန်အားပေးတယ်ပေါ့။ နေရာတစ်နေရာ ရောက်ဖို့အတွက် ဒါက အရမ်းကိုကောင်းတဲ့ အခွင့်အရေးပေါ့။ ကျွန်တော့်အနေနဲ့ကတော့ မြေတောင်မြှောက်ပေးသင့်တယ်လို့ထင်တာပဲ။ စီနီယာတချို့ မလာတာများတော့ နည်းနည်းတော့ စိတ်ထဲမကောင်းဘူးပေါ့။ မျိုးဆက်သစ် လူငယ်လေးတွေကို အားပေးရမယ့်ပွဲလေနော်။ ’’ လို့ သူကဆိုပါတယ်။

Photo: Zay Ye Htet

Star Awards ဆုပေးပွဲဟာ ရုပ်ရှင်ဇာတ်ကားတွေသာမက ရုပ်သံဇာတ်လမ်းတွဲ ဆုအတွက်ကိုပါ ရည်ရွယ်ပြီး ပေးတဲ့အပေါ် ဇေရဲထက်ရဲ့ သဘောထားကို ပြောလာပါတယ်။

‘’ဇာတ်လမ်းတွဲကတော့ ပေးသင့်တာကြာပါပြီ။ အခုမှပေးတဲ့အခါကျတော့ နည်းနည်းလေးတော့ နောက်ကျသွားတာပေါ့နော်။ ဒါပေမယ့် သူတို့လည်း ကြိုးစားဆဲကာလမှာ အကောင်အထည်ဖော်လိုက်တော့လည်း ကျွန်တော် ဒီလောကထဲမှာ ရှိနေတဲ့အချိန်မှာပဲ ဒီလိုဆုပေးတာ ကံကောင်းနေပြီ’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Star Awards ပွဲကိုတော့ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက သုဝဏ္ဏဘူမိ Even Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတော့ ရုပ်ရှင်လောကသားများစွာတို့ကလည်း တက်ရောက်ချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။ Star Awards ဆုပေးပွဲမှာတော့ စုစုပေါင်း ၂၁ ဆု ရွေးချယ်ပေးအပ်ခဲ့တာ တွေ့ရပါတယ်။

Photo: Zay Ye Htet

ဇေရဲထက်(Zay Ye Htet) ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေစလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေ ကြားကနေ အခုဆိုရင် အောင်မြင်တဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က