ချစ်ဖို့လည်း ကောင်းတယ်တဲ့။

အူဝဲနဲ့ မခိုင်လေးနဲ့ ဇာတ်ကားအတူတူရိုက်ရတာ အရမ်းပျော်ဖို့ကောင်းသလို ဗဟုသုတတွေလည်း အများကြီး ရတယ်လို့ မေမြင့်မိုရ်က ဆိုပါတယ်။ စီနီယာ အမတွေဆီက ပညာတွေ လည်းအများကြီးရတယ်တဲ့။

 

Photo : မေမြင့်မိုရ်

“ ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ စီနီယာအမတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင် ၊ ခိုင်သင်းကြည်တို့နဲ့အတူ တွဲပြီး သရုပ်ဆောင်ရလို့ မေမြင့်မိုရ်တစ်ယောက် ပျော်လို့နေပါတယ်။ စီနီယာအမတွေက အရမ်းလည်း ချစ်ဖို့ကောင်းသလို သူမကိုုလည်း ညီမလေးတစ်ယောက်လိုလည်း ချစ်ခင်ပေးတယ်လို့ သူမက ဆိုပါတယ်။

“မမတို့က အရမ်းချစ်ဖိုကောင်းတယ်။ ညီမလေးတစ်ယောက်လိုလည်း ချစ်တယ်။ သင်လည်းသင်ပေးတယ်ဆိုတော့ အရမ်းလည်း ရင်းနှီးသွားတယ်။ ညဘက်ဆိုလည်း ညစာတွေ ဘာတွေ အတူတူ စားဖြစ်တယ်” လို့ သူမက ဇွန်လ(၃) ရက်နေ့က ညက ပြုလုပ်တဲ့ Ladyboy ရုပ်ရှင်ဇာတ်ကား အထူးပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : မေမြင့်မိုရ်

ရိုက်ကွင်းပေါ်မှာလည်း စီနီယာအမတွေဆီက ပညာတွေ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်လို့ ဆိုပါတယ်။

“မမတို့နဲ့အတူတူ သရုပ်ဆောင်တဲ့ အချိန်မှာ အများကြီး လေ့လာဖြစ်တယ်။ မမအူဝဲဆီကလည်း အတွေ့အကြုံတွေ ဗဟုသုတတွေ အများကြီးရတယ်။ စကားတွေလည်း အများကြီး ပြောဖြစ်တယ်။ မခိုင်လေးနဲ့လည်း မခိုင်လေး ပြောတဲ့ အတွေ့အကြုံတွေ ပညာတွေလည်း အများကြီး ရခဲ့ပါတယ်” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပြီး မြင့်မြတ်၊ အောင်ရေချမ်း၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်နဲ့ မေမြင့်မိုရ်တို့က အဓိက ပါဝင်ထားကြပါတယ်။

Photo : မေမြင့်မိုရ်

ဒီဇာတ်ကားဟာ ပဲခူးရိုးမ မှာ လွန်ခဲ့တဲ့ ၂၇ နှစ်က အမှန်တကယ်ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုကို ရိုက်ပြမယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်မယ့် ဇာတ်ကောင်တွေကလည်း အပြင်မှာ တကယ်ရှိကြတယ်လို့ ဆိုပါတယ်။

Photo : မေမြင့်မိုရ်

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

က္က