စီနီယာကစားသမားတွေ အလွတ်တည်ကန်ဘော လေ့ကျင့်နေတာကို ဘောလုံးအပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့တယ်လို့ ပြန်ပြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဟောင်း ဟွမ် ကားလို့စ် ဆွန်ဖွယ်က လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝအစပိုင်းတုန်းက ရော်နယ်လ်ဒင်ညိုနဲ့ ဒေကိုတို့လို ကစားသမားတွေရဲ့ရှေ့မှာ နှိမ့်ချပြီး နေထိုင်ခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြဟောင်းက အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး အသက် ၁၆ နှစ်သားအရွယ်တုန်းက စီနီယာကစားသမားတွေ အလွတ်တည်ကန်ဘော လေ့ကျင့်နေတာကို ဘောလုံးအပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့တယ်လို့ ပြန်ပြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ "မက်ဆီ ပထမအသင်းကို ပထမဆုံးရောက်လာတဲ့အချိန်မှာ ရော်နယ်လ်ဒင်ညို၊ ဒေကိုနဲ့ ရာဖာ မားကတ်ဇ်တို့လိုမျိုး အလွတ်တည်ကန်ဘော အရမ်းကောင်းတဲ့ကစားသမားတွေက လေ့ကျင့်ရေးအပြီးမှာ လေ့ကျင့်ဖို့ ဆက်နေခဲ့ကြတယ်။ ဒါပေမယ့် မက်ဆီက ဘောလုံးပေါ်မှာ ထိုင်ပြီး သူတို့ လေ့ကျင့်တာကိုပဲ ကြည့်နေခဲ့တယ်"

"အဲဒီတော့ ကျွန်တော် မက်ဆီကို 'မင်း ဘာလို့ မလေ့ကျင့်တာလဲ။ လာ မာစီယာတုန်းက မင်း အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းတာ ငါ မြင်ခဲ့တယ်'လို့ မေးခဲ့တယ်။ သူက 'ဒါ ကျွန်တော့်ရဲ့ အချိန်မဟုတ်ဘူး။ ဒါက ရော်နယ်လ်ဒင်ညိုုရဲ့၊ ဒေကိုရဲ့၊ မားကတ်ဇ်ရဲ့အချိန်လေ'လို့ ပြန်ပြောခဲ့တယ်။ အသက် ၁၆ နှစ်အရွယ်ကတည်း မက်ဆီက သူ့ထက် အကြီးတွေအပေါ်မှာ လေးစားမှု ရှိခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီဟာ အသက် ၁၇ နှစ်အရွယ် ၂၀၀၅ နွေရာသီမှာ ဘာစီလိုနာ စီနီယာအသင်းထဲမှာ ပါဝင်ခွင့်ပေးခြင်းခံခဲ့ရပြီး အသင်းထဲမှာ ပါဝင်ကစားခွင့်ရချိန်မှာ ရော်နယ်လ်ဒင်ညို၊ ဒေကို၊ အီတူးတို့လို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေနဲ့ အတူတူကစားခဲ့ရတာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ဟာ မွေးရာပါ ပါရမီရှင်ဖြစ်ပေမယ့်လည်း တောက်ပရမယ့်အချိန်ကို ပါရမီတွေကို ဖြည့်ကျင့်ရင်း စောင့်ဆိုင်းခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ရော်နယ်လ်ဒင်ညို အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းသမိုင်းမှာလည်း အကြီးကျယ်အခမ်းနားဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ကတ်တလန်အသင်းကြီးကို ဆုဖလား ၃၅ လုံးအထိ ရရှိအောင် သွင်းဂိုး ၆၇၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၀၃ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က