လူလျှော့ဖို့ စီစဉ်ထားချိန်မှာ အလုပ်အကိုင်နေရာခေါ်တာတွေလည်း ရှိနေဆဲပါ

Tesla ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေ အလုပ်လျှော့တာတွေ ရှိနေပေမယ့် အလုပ်သစ်ခေါ်နေတာတွေလည်း ရှိနေပါတယ်။ 

စီးပွားရေးအခြေအနေမကောင်းလို့ ဝန်ထမ်းအင်အားရဲ့ ၁၀% အထိ လျှော့ချမယ့်အကြောင်း Tesla ဘက်က ထုတ်ပြန်လိုက်ပြီးနောက် စင်ကာပူ Tesla Country Manager ကို အလုပ်ဖြုတ်ခဲ့ပါတယ်။ Cryptocurrency အကြပ်အတည်းတွေကြောင့် ဒေါ်လာ ၆၁၆ သန်း ဆုံးရှုံးနေတဲ့အပြင် Tesla ဟာ ဂျာမနီနိုင်ငံ ဘာလင် နဲ့ တက္ကဆက်ပြည်နယ် ဩစတင်ကားစက်ရုံသစ်တွေကြောင့်လည်း ဒေါ်လာဘီလျံပေါင်းများစွာ အရှုံးပေါ်နေတယ်လို့ ကုမ္ပဏီ CEO အီလွန်မတ်စ်က ပြောထားပါတယ်။ 




Tesla အနေနဲ့ အလုပ်အကိုင်တွေ လျှော့ချသွားမယ့်အကြောင်း ပြောထားပေမယ့် စင်ကာပူမှာ အလုပ်နေရာ အနည်းဆုံး ၇ မျိုးကို LinkedIn ပေါ်ကနေ ခေါ်ဆိုထားတာ တွေ့ရပါတယ်။ စင်ကာပူ Tesla ကုမ္ပဏီကနေ ခေါ်နေတဲ့ အလုပ်အကိုင်တွေထဲမှာ အရောင်းပိုင်း ၊ မားကတ်တင်း ၊ အော်ပရေးရှင်းပိုင်း ၊ ပစ္စည်းပို့ဆောင်ရေးနဲ့ ပရောဂျက်စီမံခန့်ခွဲမှုအပါအဝင် အလုပ်အကိုင်နေရာ အနည်းဆုံး ၇ နေရာ ခေါ်ဆိုနေတာ ဖြစ်ပါတယ်။ 

LinkedIn ပေါ်မှာ တင်ထားတဲ့ Tesla Singapore ရုံးရဲ့ အလုပ်ခေါ်စာတွေထဲမှာ Sales Assistant (Part-Time) ၊ Delivery Advisor ၊ Tesla Advisor ၊ Marketing Specialist ၊ Delivery Operation Specialist ၊ Network Operations Centre Specialist ၊ Project Manager စသည်ဖြင့် ခေါ်ဆိုထားတာပါ။ Tesla ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ အရှေ့တောင်အာရှရဲ့ ပထမဆုံး Tesla Country Manager ဖြစ်တဲ့ ခရစ္စတိုဖာ ဘော်ဆီးဂူးရတ်စ်ကို အလုပ်က ဖြုတ်ခဲ့ပါတယ်။ ဘော်ဆီးဂူးရတ်စ်ကို ၂၀၂၁ ဇွန်လထဲမှာ Tesla က အလုပ်ခန့်ခဲ့တာ ဖြစ်ပါတယ်။ 

Tesla CEO အီလွန်မတ်စ်ဟာ လက်ရှိစီးပွားရေးနဲ့ ပတ်သက်ပြီး အလွန်ဆိုးရွားတဲ့ ခံစားချက်ရှိနေကြောင်း ပြီးခဲ့တဲ့ ဇွန်လက ဝန်ထမ်းတွေကို ပေးပို့ရာကနေ ပေါက်ကြားသွားတဲ့ အီးမေးလ်မှာ ပြောထားပါတယ်။ ဒီအီးမေးလ်မှာပဲ လစာပေးထားတဲ့ ဝန်ထမ်းရဲ့ ၁၀% ဝန်းကျင်ကို အလုပ်က ဖြုတ်ဖို့လည်း လိုအပ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က