အိမ်ရှင် စင်ကာပူလက်ရွေးစင်အသင်းနဲ့ ဆူဇူကီးပွဲစဉ်မတိုင်မီ မြန်မာကစားသမား ၁၀ ဦးအထိ ကိုဗစ်-၁၉ သံသယရှိနေတဲ့အတွက် ဆေးစစ်ခံရမည် ဖြစ်ကြောင်းကို The Straits Times သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒီနေ့ ကျင်းပခဲ့တဲ့ မြန်မာနဲ့ စင်ကာပူအသင်းရဲ့ ဆူဇူကီးပြိုင်ပွဲအကြို အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြချုပ် အန်တွမ်နီဟေးကလည်း မြန်မာကစားသမား ၂၇ ဦးထဲက ၁၀ ဦးကို ကိုဗစ်ပြန်စစ်ဖို့ လိုအပ်နေကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

Photo: Antoine Hay Twitter

ထို့အပြင် ကျန်ကစားသမား ၄ ဦးမှာလည်း ဒဏ်ရာပြဿနာရှိနေတယ်လို့ အန်တွမ်နီဟေးက ဆိုခဲ့ပါတယ်။ မြန်မာအသင်းဟာ ဆူဇူကီးဖလား အဖွင့်ပွဲကို ဒီဇင်ဘာ ၅ ရက် (မနက်ဖြန်) မှာ အိမ်ရှင်စင်ကာပူအသင်းနဲ့ ကစားရမှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အပြီးသတ် လူစာရင်းကို ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးပါဘူး။ မြန်မာအသင်းဟာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) တွင် ကျရောက်နေပြီး အိမ်ရှင် စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အရှေ့တီမော အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Share

က္က