အာဆီယံဆူဇူကီးအဖွင့်ပွဲစဉ် အဖြစ် အိမ်ရှင်စင်ကာပူနဲ့ ပွဲအတွက် ဖီဖာသတ်မှတ်ထားတဲ့ ကစားသမား အရေအတွက် မပြည့်မီတဲ့ ပြဿနာနဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ရင်ဆိုင်နေရပါတယ်။

Photo: AFF

မြန်မာအသင်းဟာ ဒီဇင်ဘာ ၅ ရက် (မနက်ဖြန်) ပွဲစဉ် မတိုင်ခင်အထိ ကစားသမား ၁၀ ဦးအထိ ကိုဗစ်-၁၉ သံသယရှိနေတဲ့အတွက် ဆေးစစ်မှု ခံယူရမည် ဖြစ်သည့်အပြင် ကစားသမား ၄ ဦးဟာလည်း ဒဏ်ရာပြဿနာ ရှိနေတယ်လို့သိရပါတယ်။ မြန်မာအသင်းရဲ့ လက်ရှိကစားသမား ၂၇ ယောက်မှာ ၁၄ ယောက်က အခုလို ကိုဗစ်သံသယနဲ့ ဒဏ်ရာပြဿနာ ရှိနေတဲ့အတွက် ကစားသမား ၁၃ ယောက်သာ ကျန်ရှိပြီး ၄ ယောက်က ဂိုးသမားတွေ ဖြစ်နေတယ်လို့ နည်းပြချုပ် အန်တွမ်နီဟေးက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo: MFF

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ စည်းမျဉ်းအရ ပြိုင်ပွဲဝင် ဘောလုံးအသင်းတစ်သင်းဟာ ပွဲထွက်ကစားသမား ၁၁ ယောက်အပြင် အရန်ခုံတန်းမှာ အရန်ကစားသမား ၇ ဦး ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ ကစားသမား ၁၈ ဦး ပြည့်မီမှသာ စင်ကာပူနဲ့ ဆူဇူကီးပွဲစဉ်ကို ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ နည်းပြချုပ် အန်တွမ်နီဟေးကတော့ ဆူဇူကီးအဖွင့်ပွဲစဉ် အဖြစ် အိမ်ရှင် စင်ကာပူအသင်းနဲ့ ကစားခွင့်ရဖို့အတွက် မနက်ဖြန် (ဒီဇင်ဘာ ၅ ရက်) မှာ မြန်မာကစားသမား လုံလောက်မှု ရှိလာနိုင်မယ် လို့ မျှော်လင့်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က