အစက ကြည့်နေတာ နေဒွေးမှတ်လို့ သူက အရပ်ပုတော့ ဒေါက်ဖိနပ်ကြီးစီးထားတယ်ပေါ့။

မင်းရာဇာကတော့ Sinon နဲ့ နေဒွေးတို့ ရုပ်ချင်းတော်တော်ဆင်ကြ တဲ့အကြောင်း ပြောလာပါတယ်။ နေဒွေး တော်တော် ဗလတောင့်လာတယ်လို့တောင် ထင်ခဲ့ပါတယ်တဲ့။ 

Photo: Min Yar Zar



သရုပ်ဆောင် မင်းရာဇာကတော့ နာမည်ကျော် ဖိလစ်ပိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့ Sinon ကို နေဒွေးလို့ထင်ပြီး အထင်လွဲသွားတာတွေရှိတယ်လို့ဆိုပါတယ်။ နေဒွေးကလည်း Sinon နဲ့ တော်တော်တူတာပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ Sinon က သေချာကြည့်ရင် နေဒွေးနဲ့တူတယ်ဗျ။ အသားဖြူတာနဲ့ ညိုတာပဲ နည်းနည်းကွာသွားတာ။ ကျွန်တော်အစက ကြည့်နေတာ နေဒွေးမှတ်လို့ သူက အရပ်ပုတော့ ဒေါက်ဖိနပ်ကြီးစီးထားတယ်ပေါ့။ ပြီးတော့ တော်တော်ဗလထွက်လာတာပဲလို့ ထင်လိုက်တာ။ နောက်တော့မှ Sinon ဖြစ်နေတယ်။ နေဒွေး ပသိုင်းမွှေးထားလိုက်ရင် သေချာကြည့်ကြည့် Sinon ပဲ" ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Nay Dway

Sinon နဲ့ မင်းရာဇာကတော့ အခုချိန်မှာ ရင်းနှီးသွားပြီလို့ သိရပါတယ်။ Sinon ကို Gay တစ်ယောက်လို့ မသိခင်က အက်ရှင်ကားတွေ အတူတူရိုက်ချင်တဲ့ ဆန္ဒရှိခဲ့တယ်လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

“Sinon ကို Gym မှာတွေ့လို့ အတူတူဆော့ရင်း ဓာတ်ပုံတွဲရိုက်ဖြစ်တာပါ။ သူက ဗလကလည်း ကြီးတော့ စဉ်းစားမိလိုက်တာက ကျွန်တော်ကလည်း အက်ရှင်မင်းသားဆိုတော့ ဒီကောင်ကို ဇာတ်ကားခေါ်ရိုက်လိုက်ရင် တော်တော်မိုက်မှာပဲပေါ့။ ဒါက ကျွန်တော့် မျက်လုံးထဲမှာ မြင်ထားတာပါ ဖိုက်တင်လုပ်မှသာ မတော်တရော်တွေ မလုပ်ပါနဲ့လို့တားရမယ်။ သူက ကိုယ့်ထက်တောင့်တယ် ကိုယ်က အဆီတောင်ရောသေးတယ်။ သူက ကြွက်သားတွေချည်းပဲ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ညက ရွှေမင်းသမီး ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

 

Photo: Sinon

အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေ၊ နိုင်ငံတော်အကျိုးပြုဇာတ်ကားတွေ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က