အာဂျင်တီးနားနည်းပြကို မော်ရင်ဟိုက အသိပေးလိုက်တာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုက ဒီဘားလားနဲ့ပတ်သက်လို့ အာဂျင်တီးနားနည်းပြ စကာလိုနီအနေနဲ့ ဝိုင်ပုလင်းတွေ လက်ဆောင်ပေးသင့်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ရိုးမားနဲ့မွန်ဇာတို့ရဲ့ စီးရီးအေပွဲစဥ်မှာ ဒီဘားလားက ရိုးမားအတွက် ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့ပါတယ်။



ဒီပွဲမှာ ရိုးမားက သုံးဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီဘားလားက ရိုးမားအတွက် ပထမဂိုးနဲ့ ဒုတိယဂိုးတို့ကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ အီဘီနက်ဇ်က ရိုးမားအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပြီး ရိုးမားတို့ ဂိုးပြတ်နိုင်ပွဲတပွဲရရှိခဲ့တာပါ။

ရိုးမားဟာ လက်ရှိရာသီ စီးရီးအေ (၄) ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးဘဲ ဂျူဗင်တပ်စ်နဲ့သာ သရေကျထားပြီး ကျန် (၃) ပွဲကို အနိုင်ကစားထားပါတယ်။ အခု မွန်ဇာနဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ဒီဘားလားရဲ့သွင်းဂိုးတွေကလည်း သူ့ရဲ့ ရိုးမားကစာသမားဘဝ ပထမဆုံးသွင်းဂိုးနဲ့ ဒုတိယမြောက်သွင်းဂိုးတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဘားလားကို လူစားလဲလိုက်ချိန်မှာလည်း ဒီကစားသမားက မော်ရင်ဟိုရဲ့လက်ကိုနမ်းရှုံ့ပြီး ဆရာတပည့်နှစ်ယောက် ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုက “ဒီဘားလားက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ မှတ်တမ်းတွေရှိပါတယ်။ ဒါပေမယ့် အခုတော့ သူက တိုးတက်လာပါပြီ။ ကျနော့် စိတ်ထင် ဒါက သူ့အတွက် ကာတာကမ္ဘာ့ဖလားကို လိုက်ပါခွင့်ရမယ့် လက္ခဏာတွေလို့ ထင်ပါတယ်”

“အာဂျင်တီးနားနည်းပြ စကာလိုနီအနေနဲ့ ကျနော့်ကို ဝိုင်ပုလင်းအချို့ လက်ဆောင်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့သဘောကျ ကစားနိုင်တဲ့၊ ထူးချွန်တဲ့ ကစားသမားတယောက်ကို ရသွားလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။ ရိုးမားဟာ လာမယ့် တနင်္ဂနွေမှာ အူဒီနီးစ်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် လူဒိုဂိုရက်စ်နဲ့ အဝေးကွင်းမှာပဲ သွားရောက်ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က