ယူနိုက်တက်ကတော့ ၂၀၁၆ ခုနှစ်မှာ ဂျူဗီကွင်းလယ်လူပေါ့ဂ်ဘာကို ပေါင်၈၉သန်းနဲ့ ခေါ်ယူခဲ့ပြိး ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ကစားသမားဆန်ချိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုရှိလာခဲ့ပါက ထွက်ခွာခွင့်ပေးမယ်လို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံကစားသမားကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက တော်တော်လေးစိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။
ဆန်ချိုဟာ ဒီရာသီဘွန်ဒက်လီဂါမှာ သွင်းဂိုး ၁၄ ဂိုး နဲ့ ဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတာဖြစ်ပြီးတော့ ဒေါ့မွန်ဘက်က လစာငွေတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြေင်းလည်း ဂျာမနီသတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။
ဆန်ချိုရဲ့ တန်ဖိုးကိုတော့ ဒေါ့မွန်က ပေါင်သန်း ၁ဝဝအထိ သတ်မှတ်ထားပြီး ပေါင်သန်း ၁၂ဝအထိ ရရှိဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ ယူနိုက်တက်ကတော့ ၂၀၁၆ ခုနှစ်မှာ ဂျူဗီကွင်းလယ်လူပေါ့ဂ်ဘာကို ပေါင်၈၉သန်းနဲ့ ခေါ်ယူခဲ့ပြိး ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။
တကယ်လို့သာ ဒေါ့မွန်ဘက်ကတောင်းဆိုထားတဲ့ ပေါင်သန်း ၁၀၀ ကို ဆန်ချိုအတွက် ပေးခဲ့မယ်ဆိုရင်တော့ ဒါဟာ ယူနိုက်တက်အတွက် နောက်ထပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အသစ်ပေါ်ထွက်လာမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီးနောက် ဘဏ္ဍာရေးအရ ဝင်ငွေနည်းပါးလာခဲ့တဲ့ အကျိုးဆက်တွေကြောင့် ယူနိုက်တက်ဘက်က အသုံးပြုဖို့ တော်တော်လေးစဉ်းစားရဖွယ်လည်းရှိနေပါတယ်။
ဒေါ့မွန်အားကစားဒါရိုက်တာမိုက်ကယ်ဇော့က ဆန်ချိုကသာ အသင်းကထွက်ခွာဖို့ တောင်းဆိုခဲ့မယ်ဆိုရင် ကစားသမားရဲ့ဆန္ဒကို လေးစားမှုပေးမယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ ဘွန်ဒက်လီဂါထိပ်သီးကလပ်ဟာ ဆန်ချိုကိုအသင်းမှာဆက်လက်ထိန်းသိမ်းထားချင်ပြီး အခြားလူငယ်ကစားသမားဟာလန်းနဲ့တွဲဖက်ကာ စိတ်လှုပ်ရှားဖွယ်တိုက်စစ်အတွဲတစ်ခုကို ဖန်တီးချင်နေတာလည်းဖြစ်ပါတယ်။