Covid 19 အတွက်အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ Covid 19 ရာဂါ ကြောင့်လည်း မြို့တော်ကို ပိတ်ဆို့မှုတွေလုပ်သွားဖို့ အစီအစဉ်မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ပါတယ်။ 

ဖောင်ကြီးမှာ ပြင်ဆင်ထားတဲ့Covid 19 ကုသရေးဌာန ပြင်ဆင်ထားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့အတူ သွားရောက် ကွင်းဆင်းကြည့်ရှုရင်း ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာပါ။ 



“ မိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးမြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့ကို ပိတ်ဆို့မှုလုပ်သွားရန်အစီအစဉ်မရှိသလို ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်နဲ့ ကိုက်ညီစေရေးကို ချိန်ဆပြီးတော့ အသင့်တော်ဆုံးဖြစ်စေရေးကို ကြိုးပမ်းလုပ်ဆောင်နေတယ်” လို့ ဦးဖြိုးမင်းသိန်းကပြောကြားခဲ့တာပါ။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်သူများအကြား Covid 19 ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် အကောင်းဆုံးကို မျှော်လင့်ဆောင်ရွက်နေပြီး လူနာများ များပြားလာကာအဆိုးဆုံးအခြေအနေဖြစ်လာပါကလည်း အဆင်သင့်ထားရှိကုသနိုင်ရေးကို အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ 

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ Covid 19 ကူးစက်ခံရသူက (၂၇)ဦးထိရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးက ကူးစက်မှု အများဆုံးဖြစ်သလို သေဆုံးသွားသူ (၃)ဦးမှာလည်း ရန်ကုန်တိုင်းဒေသကြီးက (၂)ဦးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က