အတတ်နိုင်ဆုံးလုံခြုံစိတ်ချမှုရှိစေဖို့ကိုတော့ ဆောင်ရွက်သွားရမှာပါ။

ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲမှာ ၆ ပွဲအထိကို ရွှေ့ဆိုင်းခဲ့ရပေမယ့်လည်း လာမယ့်အပတ်တွေမှာတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကစားသွားမယ်လို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ တတ်နိုင်သမျှ လုံခြုံစိတ်ချရမယ့် အနေအထားတွေဖန်တီးကာ ကစားသွားစေမယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုခဲ့ပြီး ပွဲရွှေ့ဆိုင်းစေချင်သူတွေကို စိတ်ပျက်စေခဲ့ပေမယ့် ဆက်ကစားချင်သူတွေအတွက်တော့ ဝမ်းသာစရာဖြစ်ခဲ့ရပါတယ်။ 

တနင်္လာနေ့မှာ ပရီးမီးယားလိဂ်ရှယ်ယာရှင်တွေအစည်းအဝေးကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဖြစ်နိုင်သမျှ အချိန်ဇယားအတိုင်း ဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လိဂ်ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြားမှာ စံချိန်တင်မြင့်မားတဲ့ ကိုဗစ်ကူးစက်မှုတွေရှိလာခဲ့တဲ့နောက် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကာ ဆုံးဖြတ်ခဲ့ကြတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 

ဒါပေမယ့် အက်ဖ်အေဖလားပွဲစဉ်တွေမှာတော့ တတိယအဆင့်နဲ့ စတုတ္ထအဆင့်ပွဲစဉ်တွေကိုတော့ လျှော့ချဖျက်သိမ်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားသမားနဲ့ အသင်းဝန်ထမ်း ၉၂% အထိ ကာကွယ်ဆေးထိုးနှံထားပြီးပြီလို့ အတည်ပြုနိုင်ခဲ့ပြီး ကစားသမား ၈၄% ကတော့ ကာကွယ်ဆေးထိုးရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ 

"လိဂ်အနေနဲ့ ကလပ်တွေနဲ့အတူ ကစားသမားနဲ့ အသင်းဝန်ထမ်းတွေ ကာကွယ်ဆေးထိုးဖို့ကို တွန်းအားပေးနေပါတယ်၊ အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးကာကွယ်ဆေးထိုးနှံမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ ကြော်ငြာပေးနေပါတယ်" လို့ ထုတ်ပြန်စာမှာ ပါရှိခဲ့ပါတယ်။ ကစားသမား ၇၇% အထိက ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်ကာ တတိယမြောက်ကာကွယ်ဆေးထိုးနှံဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

Share

က္က