လူတိုင်းလူတိုင်း စိတ်ဓာတ်ကျ ပင်ပန်းတဲ့ အခိုက်အတန့်တွေရှိကြပါတယ်။ အဲဒီလို အချိန်မျိုးတွေမှာ ဝမ်းနည်းပြီး အားငယ်မသွားပါနဲ့။ စိတ်ဓာတ်ကျမှုမှုကို ပြေပျောက်စေတဲ့ နည်းလမ်းလေး သုံးခုပြောပြပေးချင်ပါတယ်။
Photo - Freepik
တရားထိုင်ပါ
တရားထိုင်ခြင်းဟာ စိတ်အေးချမ်းမှုရဲ့ ဇစ်မြစ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ လျော့ကျသွားတဲ့ ဦးနှောက်ထဲက Serotonin နဲ့ Norepinephrine အာရုံကြောတွေကို ကောင်းမွန်စေပါတယ်။ ဒီအာရုံကြောနှစ်မျိုးကို အားကောင်းစေတဲ့ ပုံမှန်တရားထိုင်ခြင်းကို တစ်ဖက်တစ်လမ်းက လုပ်ပါ။
လှလှလေးနေပါ
စိတ်ဓာတ်ကျ စိတ်ညစ်တဲ့အခါ အိမ်မှာပဲ ပေတေပြီး နေမယ်ဆိုရင် ပိုပြီးစိတ်ညစ်ရပါလိမ့်မယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အလှဆုံးပြင်ပြီး လောကမှာ ငါသည်သာ အလှဆုံးဆိုပြီး စိတ်ထဲမှတ်ပြီး ကြွေးကြော်လိုက်ပါ။
သီချင်းနားထောင်ပါ ၊ရုပ်ရှင်ကြည့်ပါ
စိတ်ညစ်စရာ အကြောင်းအရာကြီးကို ထိုင်တွေးတောနေမယ်ဆိုရင် အတွေးနွံထဲက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ သီချင်းတွေ နားထောင်ပါ။ရုပ်ရှင်ကြည့်ရင်း ဝမ်းနည်းစရာ အခန်းရောက်ရင် အော်ငိုပစ်လိုက်တာ၊ ပျော်ရွှင်စရာ အခန်းရောက်ရင် အားရပါးရ ရယ်မောပစ်လိုက်ပါ။ ကိုယ်ပျော်ရွှင်ဖို့ ကိုယ်ကိုတိုင်ပဲ လုပ်နိုင်တာပါ။
Photo - Freepik
မိသားစုတွေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးပါ
တစ်ယောက်တည်းနေမယ့်အစား ကိုယ့်မိသားစု၊သူငယ်ချင်းတွေနဲ့တွေ့ပြီး စကားပြောတာ ၊ကိုယ်စိတ်ညစ်နေတဲ့ အကြောင်းရင်းကို ရင်ဖွင့်တာ၊ အကြံတောင်းတာတွေကို လုပ်ကြည့်ပါနော်။သူငယ်ချင်းနဲ့ အုပ်စုလိုက် ပြောလိုက်ရယ်လိုက် ရင် စိတ်ညစ်စရာတွေ မေ့ပျောက်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားပါလိမ့်မယ်။
အားလုံး ကိုယ့်ကိုယ်ကို ယုံကြည့်မှုအပြည့်ပြီး သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။