ကစားသမားတွေအတွက် အကူအညီမဖြစ်ဘူးလို့ ပြောခဲ့တာပါ။

အာဆင်နယ်နည်းပြအူနိုင်းအမ်မရီဟာ ရှာခါကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ပစ်ခဲ့ပြီးနောက် အသင်းမှာ မငြိိမ်မသက်မှုတွေ ဖြစ်ပေါ်နေပြီး အသင်းပရိသတ်တွေကို စိတ်ရှည်သည်းခံပေးကြဖို့ တောင်းဆိုခဲ့တယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အမ်မရီဟာ ယခုရာသီမှာ အသင်းကို ခြေစွမ်းတည်ငြိမ်အောင် ပြုလုပ်နိုင်ဖို့အတွက် ရုန်းကန်နေရသူဖြစ်ပြီး အာဆင်နယ်အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။

ယနေ့ညမှာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို တက်ရောက််နိုင်ဖို့ ပိုမိုဝေးကွာသွားတော့မှာဖြစ်ပြီး အမ်မရီက အသင်းပရိသတ်တွေရဲ့ ဒေါသက ကစားသမားတွေကို အကူအညီမဖြစ်စေနိုင်ဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

“ပရိသတ်တွေက သူတို့အသင်းကို အကောင်းဆုံးရလဒ်တွေရရှိဖို့ ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ဖို့ လိုအပ်နေတယ်လို့ မြင်နေမယ်ထင်ပါတယ်”

“ကျွန်တော် အဲဒီလိုလုပ်နိုင်ပါတယ်။ ကျွန်တော် သူတို့ကို ပြောနိုင်တာက သူတို့ စိတ်ရှည်သည်းခံရမယ်ဆိုတာပဲ”

“တချို့အခြေအနေတွေမှာ သူတို့က ကျွန်တော်တို့ကို အကူအညီမဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့က ကစားသမားတွေနဲ့အတူ အကောင်းဆုံးစိတ်ခံစားမှုဟန်ချက်ညီမှု ရရှိအောင် ကြိုးပမ်းနေပါတယ်”

“ကိုလာစီနက်နဲ့အတူ အိုဇေးလ်ရဲ့ အခြေအနေ၊ ကိုစီရယ်နီရဲ့ အခြေအနေတွေလိုပေါ့”

“တကယ်လို့ သူ ဒီမှာသာ ရှိနေခဲ့မယ်ဆိုရင် အသင်းခေါင်းဆောင်လက်ပတ်က ကိုစီရယ်နီအတွက်ပဲ ဖြစ်မှာဖြစ်ပြီး အဲဒါက ကျွန်တော်တို့ကို ပြဿနာဖြစ်စေမှာမဟုတ်ဘူးဆိုတာကို မှတ်ထားပါ”

“ပြီးတော့လည်း ရှာခါရဲ့ အခြေအနေ။ ဒါပေမယ့် အသင်းအတွင်းပိုင်းမှာ သူတို့တွေက တောင့်တင်းပါတယ်”

“ကစားသမားတွေက ကောင်းကောင်းအလုပ်လုပ်နေပြီး သူတို့တွေက ဆက်ပြီး တိုးတက်ဖို့အတွက် နေ့တိုင်း အလုပ်လုပ်ပြီး ကြီးမားတဲ့ ပေးဆပ်မှုမျိုးရှိကြတယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာနဲ့ ၆ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်အားလပ်ရက် ၂ ပတ်မတိုင်မီ ယနေ့ညမှာ လက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Share

က္က