တန်ဟက်ရဲ့ အသင်းဟာ စက်တင်ဘာလတုန်းက အိုးထရက်ဖို့ဒ်မှာ ဂန်းနားတွေကို ၃-၁ နဲ့ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ရီယို ဖာဒီနန်က လာမယ့်အပတ် အမ်းမရိတ်စ်ကွင်းက ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် မန်ချက်စတာယူနိုက်တက်ရဲ့ခြိမ်းခြောက်နိုင်စွမ်းနဲ့ပတ်သက်ပြီး အာဆင်နယ်ကို သတိပေးပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့ညနေက မန်ချက်စတာဒါဘီမှာ ဘရူနို ဖာနန်ဒက်စ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် မန်ချက်စတာစီးတီးကို ၂-၁ နဲ့ နောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ နည်းပြ တန်ဟက်လက်အောက် ၂၈ ပွဲမှာ ၂၁ ပွဲအထိ အနိုင်ရရှိခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးနဲ့ ၁ မှတ်အကွာ အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေနဲ့ ၆ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယနေ့ညမှာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လာမယ့်အပတ်မှာ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမှာ အာဆင်နယ်ကို အနိုင်ကစားထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး တန်ဟက်ရဲ့ အသင်းဟာ စက်တင်ဘာလတုန်းက အိုးထရက်ဖို့ဒ်မှာ ဂန်းနားတွေကို ၃-၁ နဲ့ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ဖာဒီနန်က မန်ချက်စတာယူနိုက်တက်အသင်းဟာ မြောက်လန်ဒန်မှာ အလားတူ ရလဒ်မျိုး ရရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး တန်ဟက် အသင်းရဲ့ ကစားဟန်က အာဆင်နယ်အတွက် ပြဿနာဖြစ်လိမ့်မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ "မန်ချက်စတာယူနိုက်တက်ကစားတဲ့ပုံစံက ကျွန်တော် ထင်တယ်။ ကျွန်တော်တို့က အာဆင်နယ်အတွက် ပြဿနာဖြစ်နေတယ်။ ဒီနေ့ မန်စီးတီးအတွက်လည်း ပြဿနာဖြစ်ခဲ့ပါတယ်။ အာဆင်နယ်က ဘောလုံးကို အများအားဖြင့် ရရှိမှာဖြစ်ပေမယ့် အကူအပြောင်းတွေမှာ ယူနိုက်တက်က အရမ်းကို အန္တရာယ်ရှိပါတယ်။ အိုလေ လက်ထက်တုန်းတောင် အန္တရာယ်ရှိခဲ့ပါတယ်"


"ဒါပေမယ့် အခု ပိုပြီးတော့တောင် အန္တရာယ်ရှိနေပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပိုပြီးတော့ တည်ဆောက်ပုံ ခိုင်မာလာပြီး ဖြိုခွဲဖို့ ပိုပြီး ခက်ခဲလာလို့ပါ။ မန်စီးတီးက အခွင့်အရေးများများစားစား မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်း မန်ချက်စတာယူနိုက်တက်မှာ ထိခိုက်လွယ်တာတွေရှိခဲ့ပါတယ်။ စီးတီးနဲ့ပွဲမှာ ၁-၀ နဲ့ လိုက်ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီတွေမှာ ခင်ဗျား ရှုံးနိမ့်သွားပြီလို့ ခံစားခဲ့ရမှာပါ။ ဒါပေမယ့် ဒီနေ့မှာ သူတို့တွေ စိတ်လှုပ်ရှားမှုမရှိခဲ့ဘူး။ သူတို့တွေ ကြံ့ကြံ့ခံပြီး တကယ်ကို ကောင်းကောင်း ပြန်လာနိုင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့ညနေပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်ထားတဲ့ အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း မိနစ် ၆၀ မှာ ဂရီးလစ်ရှ်က ဂိုးသွင်းယူသွားချိန်မှာ ရမှတ်ကွာဟမှုကို ၂ မှတ်အထိ လျှော့ချနိုင်ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ၇၈ မိနစ်ကနေ ၈၂ မိနစ်အတွင်း ၂ ဂိုးဆက်တိုက် ပြန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က