ဟာလန်းကို အရဲစွန့်ပြီး သုံးကောင်းသုံးနိုင်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ စနေနေ့ အိမ်ကွင်းမှာ လီဗာပူးလ်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတဲ့ ဟာလန်းကို အရဲစွန့်ပြီး သုံးကောင်းသုံးနိုင်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘန်လေကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့သူဖြစ်ပြီး နိုင်ငံတကာ အားလပ်ရက်မှာ နော်ဝေအသင်းနဲ့ ပူးပေါင်းခဲ့ပေမယ့်လည်း ဒဏ်ရာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

 

ဒဏ်ရာ မရရှိခင်မှာ ဟာလန်းက ဘန်လေနဲ့ ကစားခဲ့တဲ့ပွဲမှာ ယခုရာသီ ၆ ကြိမ်မြောက် ဟက်ထရစ်ကို ရရှိခဲ့ပြီး ယခုရာသီ သွင်းဂိုး ၄၂ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာက ဂွါဒီယိုလာအနေနဲ့ နော်ဝေတိုက်စစ်မှူးရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ်မှာ အလောင်းအစားလုပ်ဖို့ ဘာကြောင့် ပြင်ဆင်နေလဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။

 

“ဘဝက စွန့်စားခန်းဖြစ်ပြီး တစ်ခါတလေ ခင်ဗျား အဲဒီစွန့်စားမှုကို ပြုလုပ်ရမှာပါ။ ဆရာဝန်တွေနဲ့ အထူးသဖြင့် ကစားသမားက သူ ဘယ်လိုခံစားရလဲဆိုတာကို သိမှာပါ။ ကျွန်တော်တို့ ဒီရာသီမှာ ဂိုးတွေအများကြီး သွင်းယူနိုင်ခဲ့ပြီး သူက မယုံနိုင်စရာဂိုးပမာဏကို သွင်းယူခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဒီကို ရောက်လာတဲ့အချိန်ကတည်းက ကျွန်တော်တို့ ဂိုးတွေအများကြီး အမြဲတမ်း သွင်းယူခဲ့တာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။



မန်စီးတီးဟာ ယခုအပတ် အစ်တီဟတ်မှာ ယာဂန် ကလော့ပ်ရဲ့ အသင်းကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို ၅ မှတ်အထိ ပြန်လည်လျှော့ချနိုင်မှာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ ချန်ပီယံလိဂ်ကွာတားမှာ ဘိုင်ယန်၊ အက်ဖ်အေဖလားဆီမီးမှာ ရှက်ဖီးယူနိုက်တက်တို့နဲ့ ကစားသွားရဦးမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က