အလုပ်တွေလုပ်ဖို့ အားတင်းထားတယ်တဲ့။

ပရဟိမင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆေး(၄)လုံးထိုးပြီး အလုပ်တွေဆက်လုပ်ဖို့ အားမွေးထားတယ်လို့ ဆိုပါတယ်။ စိတ်ကမာပေမယ့် ခန္ဓာကိုယ်ကြီးက အားနည်းနေပြီတဲ့။

Photo : ခိုင်နှင်းဝေ



သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ဘန်ကောက်မှာလုပ်တဲ့ ဘုရားထီးတင်ပွဲသို့ မသွားခင် အရမ်းပင်ပန်းပြီး အားနည်းနေတာကြောင့် ဆေး(၄)လုံးထိုးလိုက်ရတယ်လို့ ဆိုပါတယ်။ စိတ်ကမာပေမယ့် အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကြီးကတော့ အားနည်းလေပြီတဲ့။

Photo : ခိုင်နှင်းဝေ

“ကလေးတို့မေမေ အားတွေမွေးထားသော်ငြား စိတ်က ဘယ်လောက် မာမာ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ဒီခန္တာကိုယ်ကြီးကတော့ အားနည်းလာပြီလေ ... ကဲ ဘယ်တက်နိုင်ဦးပါ့မလဲ ဒီမနက် ဘန်ကောက်မှာဘုရားထီးတင်ပွဲကို သွားနိုင်ဖို့ ညက တိုက်ပွဲကျ ဆေး4လုံးထိုး အီစလံဝေပြီး အခု လေဆိပ်မှာ အလုပ်တွေ လုပ်ဖို့ အားတင်းထားနေလေရဲ့ ...ဆရာဝန် ကတော့မှာလိုက်ပါတယ် ဆေးစာကိုင်ပြီး တခုခုဆို ပေပြီးမနေနဲ့ ဟိုမှာ လည်း သွားပြတဲ့ ကဲ ကလေးတို့မေမေ ဒေါ်ခိုင်နှင်းဝေတယောက် ကိုယ့်ကိုကိုယ် အားတင်းရင်းသာ “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ ဆေးထိုးနေတဲ့ ပုံလေးတွေကိုလည်း တင်ထားတာတွေ့ရပါတယ်။

Photo : ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က