မန္တလေးမှာ လုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအကြောင်း ပြောလာပါတယ်။

G Fatt ကတော့ သူ့ စိတ်ကူးထဲက အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်တာကြောင့်အရမ်းကို ဝမ်းသာနေတယ်လို့ ဆိုပါတယ်။ မန္တလေးက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်း အပျော်ကြီး ပျော်ခဲ့ရပါတယ်တဲ့။

Photo: Thein Than Oo



အဆိုတော် G Fatt ကတော့ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခု ဖြစ်လို့ အရမ်းပျော်တယ်လို့ ဆိုပါတယ်။

"G Fatt One Man Show In Mandalay အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ဒီပွဲကို ကျွန်တော် အိမ်မက်မက်ခဲ့တာ ရန်ကုန်ပွဲ ပြီးကတည်းကပါ။ မန္တလေးမှာပွဲလုပ်ဖို့ စီစဉ်ရတာ ကျွန်တော့် အတွက် ထင်ထားတာ ထက်ပိုခက်ခဲခဲ့တယ်။ တီးဝိုင်းတွေရော၊ အဆိုတော်တွေရော၊ အက အဖွဲ့တွေရော စတဲ့ လူအများကြီး နဲ့ ပွဲလာလုပ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ရတယ်။ မန္တလာသီရိ ဘောလုံးကွင်းမှာ လုပ်ဖို့ဆိုတော့ ပိုရင်ခုန်ရပါတယ်။ ကွင်းလုံးပြည့် ပရိသတ်များကို မြင်လိုက်ရချိန်ဟာ ကျေနပ်ပီတိဖြစ်ရပြီး အိမ်မက်မက်နေသလိုပါပဲဗျာ။ အရမ်းပျော်ရပါတယ်" ဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါသေးတယ်။

Photo: Thein Than Oo

မန္တလေးက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်း အရမ်းကို ဝမ်းသာခဲ့ရတယ်လို့ G Fatt က ပြောပါတယ်။ ဒါကတော့ မန္တလေးမှာ G Fatt လုပ်တဲ့ ပထမဆုံး ဖျော်ဖြေပွဲဖြစ်ပါတယ်။

“ကျွန်တော်မျှော်လင့်ထားတာထက် ပိုခဲ့တဲ့ ပရိတ်သတ်တွေကို မြင်လိုက်ရတဲ့အချိန် ကစ လို့ ကျွန်တော့် ပျော်ရွှင်မှု တွေဟာ အခုထိမရပ်နိုင်သေးဘူးဗျာ ဒီ့ထက်အများကြီး ပိုကြိုးစားပါ့မယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဖျော်ဖြေပွဲနေ့က အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Thein Than Oo

G Fatt ရဲ့ ဖျော်ဖြေပွဲမှာတော့ ဖြူဖြူကျော်သိန်း၊ Frenzo Artists ၊ G Family၊ J Fire ၊ ရွယ်ရွယ်၊ Ice Cold ၊ ပြုံးမြသွယ်၊ Wizard၊ ယဉ်ဝယ်ထက် (ကဗျာ) တို့က ဧည့်သည်အဆိုတော်များအဖြစ် ပါဝင်ခဲ့ကြပါတယ်။ ဒီဖျော်ဖြေပွဲ လုပ်ဖို့ အတွက် ပါဝင်ကူညီပေးခဲ့ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ကိုအီကြာကွေး ( Shwe Sin Event Creation )၊ Frenzo က Artists များ၊ Mananger ၊ Stage Design ကို ဝိုင်းခေါင်းစားပေးတဲ့ Ko MinMin Han ၊ ကို Bunny Phyoe ၊ ကိုဖိုးကျော်၊ ကိုမောင်မောင်အေး၊ Music Director Ko Myo Zaw & Lucky Hand Band ၊ Performance အမိုက်စားတွေအတွက် မခိုင်လေးနဲ့ Secret Pieces ၊ New Version Dance Group ၊ အပုဒ်လေးဆယ် ကို ရှယ်ဖြုတ်နိုင်အောင် အကောင်းဆုံးအသံချိန်ပေးတဲ့ ကိုအေးစိုး နှင့် Sound & Lighting အတွက် DM 4 အဖွဲ့သားများ၊ Abar Stage Effect စတဲ့ မိတ်ဆွေတွေကိုလည်း G Fatt က ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

Photo: Thein Than Oo

G Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း Surprise လုပ်တတ်သူတစ် ယောက်ပါ။သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က