အလှအပနဲ့ ပတ်သက်ပြီး ငယ်ငယ်ကတည်းက အိပ်မက်မက်ခဲ့ဖူးတာပါ။

မိုးစက်ဝိုင်ကတော့ အလှအပနဲ့ပတ်သက်ပြီး မက်ခဲ့ရတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေပြီလို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း Beauty Blogger တစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။

Photo: Amazing Grace



မိုးစက်ဝိုင်ဟာ သူမကိုယ်တိုင် စိတ်ကူးအိပ်မက်ခဲ့တဲ့ အရာတွေကို တဖြည်းဖြည်းနဲ့ အကောင်အထည် ဖော်နေတဲ့အကြောင်းကို Duwun Media အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။ အခုဆိုရင်လည်း Moe Z Y ဆိုတဲ့ ကိုယ်ပိုင်အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်နေသူ တစ်ယောက်ပါ။

“ အလှအပနဲ့ပတ်သက်ပြီး ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့ အိပ်မက်လေးတွေတော့ ဖြစ်လာပါတယ်။ ကိုယ်ပိုင် Brand တွေရှိချင်တယ်။ အလှကုန်ပစ္စည်းမျိုးစုံရှိတဲ့နေရာတွေကို သဘောကျတယ်။ ကိုယ်တိုင်လည်းသွားတယ်။ နိုင်ငံခြားကို ခရီးသွားတဲ့အခါကျလို့ အလှကုန်ပစ္စည်းဆိုင်တွေ့ပြီဆိုရင် တစ်ခါဝင်ပြီဆိုရင် ၂ နာရီလောက် ပြန်မထွက်လာဘူး။ ထမင်းမစားရရင်နေပါစေ၊ ပစ္စည်းဝယ်နေရရင်ကျေနပ်တယ် အဲဒီလိုလူမျိုးထဲမှာ ပါတာပေါ့နော်။ အဲဒီ ပစ္စည်းလေးတွေကို ကြည့်ပြီး ပျော်နေတတ်တဲ့ လူမျိုးပေါ့” လို့ ဆိုပါတယ်။

Photo: Wai Wai Khine

မိုးစက်ဝိုင်က ၂၀၁၁ ခုနှစ်က US မှာ ကျောင်းပြီးခဲ့တာဖြစ်ပြီး ဘွဲ့ယူရတော့မယ့်အချိန်၊ အလုပ်မရသေးခင်ကာလ မှာ Beauty Blogger လုပ်ခဲ့သေးတယ်လို့ဆိုပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေက တွေ့လို့ ရှက်ခဲ့ရသေးတယ်လို့ ပြောပါတယ်။

“ အလှအပနဲ့ပတ်သက်ပြီးတော့ ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ US မှာကျောင်းတက်တုန်းကဆိုရင် Blogger လိုမျိုး ကိုယ့်ဘာသာကိုယ် လျှောက်လုပ်ကြည့်သေးတယ်။ ၂၀၁၁ လောက်တုန်းကပေါ့နော်။ တော်တော်လေးစောတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အလှပြင်ပစ္စည်းတွေ ဝယ်ပြီးတော့ အလုပ်မရသေးတဲ့ အချိန်မှာ Blogger လုပ်သေးတယ်။ ဒါပေမယ့် သူငယ်ချင်းတွေတွေ့သွားတော့ ရှက်ပြီးတော့ အကုန်ဖျက်ချပစ်လိုက်တယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့က Summer ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီနောက် Ve Ve အချိုရည်ကြော်ငြာကနေ ပရိသတ် စိတ်ဝင်စားမှုကို ရရှိလာသူပါ။ ‘’ပက်ပက်စက်စက်ညှို့’’ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာသူပါ။ သူမဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart's Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က