ဖွေးဖွေးကေတာ့ love equation ရိုက်ဖို့အတွက် ရင်ခုန်နေလို့နေပါတယ်။ ဒီဇာတ်ကားက ဖွေးဖွေး ပရိသတ်တွေရော ဒေါင်းရဲ့ ပရိသတ်တွေပါ ရင်ခုန်စွာ ေျမှာ်လင့်နေတဲ့ အချစ်ကား တဈကားပါ။
Photo: Amazing grace
ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ ဒေါင်း၊ သက်မွန်မြင့်တို့နဲ့ အတူ ‘’Love Equation’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကား အဆန်းလေးဖြစ်တာကြောင့် သူမကိုယ်တိုင် ရင်ခုန်နေပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ပရိသတ်တွေကလည်း စိတ်ဝင်စားကြသလို ဖွေးကိုယ်တိုင်ကလည်း ဒီဇာတ်ကားရိုက်ရမယ့်အပေါ် အရမ်းကို ရင်ခုန်ပါတယ်။ ဖွေး ပရိသတ်တွေရော၊ ဒေါင်းပရိသတ်တွေလည်း ဒီဇာတ်ကားကို မျှော်နေမယ်လို့ ဖွေးထင်တယ်။ ဒီဇာတ်ကားထဲမှာတော့ ဒေါင်းရဲ့ အကြည့်အရမ်းကြီးမပါအောင် သူမမြင်ဖူးတဲ့ ကာရိုက်တာကို လုပ်ရမယ်။ သူ ဖွေးရဲ့ အကြည့်တွေကို ခံနိုင်ဖို့ပဲ စတာပါ’’ လို့ သူကဆိုပါတယ်။
Photo: Amazing Grace
အသက်ငယ်တဲ့အချိန်တုန်းက ရိုက်ခဲ့ရတဲ့ အချစ်ဇာတ်ကားတွေနဲ့ အခုလက်ရှိရိုက်ကူးနေရတဲ့ အချစ်ဇာတ်ကားတွေ အပေါ် အတွေ့အကြုံကတော့ ကွာခြားတယ်လို့ ဖွေးဖွေးကပြောပါတယ်။
‘’ ငယ်ငယ်တုန်းကတော့ အချစ်ဇာတ်ကားတွေရိုက်တဲ့အခါ သင်ပေးရတာတွေရှိတာပေါ့နော်။ ချစ်ခန်းကြိုက်ခန်း ရိုက်တော့မယ်ဆိုရင် ဆရာ ကိုဝိုင်းက မိန်းကလေးပုံစံလို လုပ်ပြတယ်။ အဲဒီအတိုင်း ဖွေးက လိုက်လုပ်ရတာပေါ့နော်။ အခုတော့ အော်တိုသိသွားပါပြီ။ သင်ပေးစရာမလိုတော့ဘူးပေါ့နော်’’ လို့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက Love Equation ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Amazing Grace
ဖွေးဖွေးကတော့ ‘’Love Equation’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မိုးသံစဉ် ဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
‘’အောက်တိုဘာ ၁ ရက်နေ့ကတော့ ဖွေးအတွက် မီဒီယာ မောင်နှမတွေရော၊ အနုပညာ မောင်နှမတွေရော အတူတူ ရွှေတိဂုံဘုရားလည်း ဖူးပြီးသွားပြီပေါ့နော်။ ဖွေးစိတ်ထဲမှာလည်း အကြည်ဓာတ် ကိန်းအောင်းသွားပါပြီ။ ဒီဇာတ်ကားကိုတော့ အောက်တိုဘာလ ၂ ရက်နေ့မှာ စရိုက်မှာပါ။ ဒီဇာတ်ကားထဲမှာ မိုးသံစဉ် ဆိုတဲ့ကောင်မလေး နေရာက ပါဝင်သရုပ်ဆောင်သွားမှာပါ။ သူက သွက်လက်တယ်၊ သူလုပ်ချင်တာလုပ်တယ်။ ဇွတ်တရွတ် နိုင်တယ်၊ ဉာဏ်နီဉာဏ်နက်တွေ ထွက်တယ်ပေါ့နော်’’ ဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Amazing Grace
Love equation ရုပ်ရှင်ကားကြီးကို Golden Hour Entertainment ကနေ ထုတ်လုပ်ရိုက်ကူးတာဖြစ်ပါတယ်။ ဒါရိုက်တာ အောင်မြတ်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် ဒေါင်း၊ခါရာ၊ ဖွေးဖွေး နဲ့ သက်မွန်မြင့် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။