အမေတစ်ဦးအနေနဲ့ သားသမီးတွေကို လမ်းမှန်ရောက်အောင် တိုက်တွန်းဆုံးမရတာတွေ ရှိသလိုသားသမီးတွေဆီက ကောင်းတဲ့အချက်တွေကိုလည်း ပြန်ပြီး အတုယူရပါတယ်လို့ စစ်ထက်ပိုင်အမေကဆိုပါတယ်။ အဆိုတော်စစ်ပိုင်ထက်ရဲ့မိခင်ကတော့ မြန်မာနိုင်ငံက ဘဝတူမိခင်တွေကို အခုလိုအကြံပြုစကားပြောထားပါတယ်။
Photo- Sitt Paing Htet FB
ပရဟိတစိတ်ရှိဖို့တိုက်တွန်းပေးပါ
"ပရိသတ်က ချီးမြှင့်တဲ့ပိုက်ဆံပဲ ဖြစ်ပါစေ။သူ့ရဲ့ အနုပညာကြေးကိုပဲ ဖြစ်စေ ဆမ်ဆမ်ကတစ်ကျပ်မကျန် ပြန်လှူတတ်တဲ့အကျင့်ရှိတယ်။ တစ်ခါ သူစင်ပေါ်မှာ ဖျော်ဖြေနေရင်း ပရိသတ်တစ်ယောက် က အရက်လေးတော့သောက်ထားတော့ မူးနေတာပေါ့။သားကိုခေါ်ပြီးပိုက်ဆံလိပ်လေး လက်ထဲထည့်ပေးလိုက်တယ်။ပိုက်ဆံက ၈၅၀၀ပါ။ အဲ့ဒါနဲ့စင်အောက်ဆင်းတော့ သူဒီပိုက်ဆံကို ချက်ချင်းလှုပေးရမယ်ပေါ့နော်။ အဲ့ဒါနဲ့ သူ မုန့်တွေဘာတွေ ဝယ်ပြီးလိုအပ်တဲ့သူတွေကို ဝေပေးလိုက်တယ်။ ပိုက်ဆံချီးမြှင့်တဲ့ပရိသတ်ရဲ့ ဘဝကို လည်းဒီ့ထက်ပိုပြီး ကုသိုလ်ရစေချင်တဲ့စိတ်လေးကြောင့်သူဘုရားစာတွေဘာတွေ ဆိုပြီး လှုပေးလိုက်တယ်။အစ်မ ကသားဆီက ပြန်သင်ရတဲ့အချက်လေးပေါ့။တစ်ခါတစ်လေ သူပြောတဲ့စကားလေးတွေ လူတစ်ယောက်အပေါ် အထင်မသေးတတ်တဲ့စိတ်လေးတွေကအစ အစ်မလူကြီးတစ်ယောက်ဆိုပေမယ့် သူ့ဆီက နေ ပြန်သင်နေရတဲ့အချက်တွေပေါ့"လို့ဆိုခဲ့ပါတယ်။
Photo- Sitt Paing Htet FB
သားသမီးတွေရဲ့ဘာသာရေးလွတ်လပ်ခွင့်
"နောက်တစ်ချက်က အစ်မသူ့ရဲ့ ဘာသာရေးကိုးကွယ်မှုက အစ မပိတ်ပင်ဘူး။အစ်မတို့က ဗုဒ္ဓဘာသာဝင်ဖြစ်လို့ သူကမိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုတဲ့အတွေးမျိုး အစ်မစိတ်မထားဘူး။သူခရစ်ယာန်ပဲ ကိုးကွယ်ကိုးကွယ်၊အစ္စလာမ်ပဲကိုးကွယ်ကိုးကွယ်။နောက်ဆုံးဘာသာမဲ့ပဲ ဖြစ်ဖြစ် သူ့ရဲ့ ရွေးချယ်မှုကို အစ်မစိတ်ဆိုးမှာမဟုတ်ဘူး။ အဲ့ဒါကို သူ့ကို ငယ်ငယ်ကတည်းက ကြိုပြောထားတယ်။ ပြီးတော့သူ့ရဲ့ နောက်တစ်ချက်က သူက ဘာသာလူမျိုးလဲ မခွဲခြားဘူး။မမတို့ဆို တစ်ခါတစ်လေ စကားပြောရင်းနဲ့ ဟယ်အဲ့တစ်ယောက်က မူစလင်လားမသိဘူးလို့ ပြောလိုက်တဲ့ အချိန်မှာ ဆမ်ဆမ်လုံးဝမကြိုက်ဘူး။မေမေအဲ့လို ခွဲခြားတာသားသားမကြိုက်ဘူးလို့သူက ပြောရင် မမက ပြန်ပြန်ထိန်းလိုက်ရတာမျိုးတွေရှိတယ်။အဲ့ဒါက သူတို့ကနိုင်ငံခြားကျောင်းတက်တော့ အဲ့လိုကျောင်းက သင်ပေးလိုက်တာ။ဘာသာလူမျိုး အသားအရေ၊ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို မခွဲခြားရဘူးဒါဟာလူ့ယဉ်ကျေးမှုပဲ ဆိုတာကို သူတို့က မွေးကတည်းက ၅နှစ်၆နှစ်လောက်ကတည်းက သင်ပေးထားတာ"လို့လည်းဆိုခဲ့ပါသေးပါတယ်။
Photo- Sitt Paing Htet FB
မိဘတွေရဲ့အမှားတွေကို ထောက်ပြဝေဖန်ခွင့်ပေးပါ
အစ်မတို့လို လူကြီးတွေမှာ တစ်ခါတလေ အတ္တစွဲ၊ ငါစွဲ ငါသည်သာအမှန် အသက်ကြီးလို့သာ လူကြီးဖြစ်တာ အစ်မတို့က တစ်ခါတလေ ကလေးတွေလောက် တွေးခေါ်မှု မကောင်းတဲ့ဟာမျိုးရှိခဲ့လို့ရှိရင်ဝန်ခံသင့်ဝန်ခံရမယ်။ဥပမာ မေမေမှားတယ်သားရယ်။ မေမေမှားသွားတယ်ဆိုတဲ့သတ္တိအစ်မမှာ မရှိဘူး အရင်တုန်းက ။ဘာလို့လဲဆိုတော့ ငါအမေပဲ ငါ့လာမဆုံးမနဲ့ ပေါ့။ ဒါပေမယ့်တစ်ခါတလေအစ်မ တို့က သူတို့လောက်မပြည့်တဲ့ အချို့အရာလေးတွေ ရှိခဲ့ရင် ပြန်လျှော့သင့်လျှော့ရမယ်။နောက်ပိုင်းမှာအစ်မမှားရင် ဝန်ခံရဲတဲ့သတ္တိရှိလာခဲ့တယ်။သူတို့ကလည်း ကျေနပ်တယ်။သူတို့မှားရင်လည်းမေမေသားသားမှားသွားတယ်။မေမေသားကန်တော့ပါတယ်ဆိုတာမျိုးသူတို့ကငယ်ငယ်ကတည်းကရှိတယ်။ သားကဘယ်လိုတောင်ပြောလဲဆိုရင် အစ်မက ကုမ္ပဏီတွေရဲ့ CEO ဆိုတော့ မေမေက CEO ဆိုရင် တံမြက်စည်းကြမ်းတိုက်တဲ့ သန့်ရှင်းရေးကိုက အစ ကိုယ်မှားရင် အိမ်အထိ သွားတောင်းပန်ရဲတဲ့စိတ်မျိုးရှိရမယ်တဲ့။ငါသူဌေး ငါလစာပေးထားတာ။ငါမှန်တယ်ဆိုပြီးတော့ အထက်စီးနဲ့အုပ်ချုပ်တဲ့ စနစ်ဟာအခုခေတ်မှာ မမှန်တော့ဘူးတဲ့။တစ်ခါတလေ အစ်မ တပည့်တွေကိုအရမ်းဆူတဲ့အခါကျရင် အိမ်ရောက်ရင်သူတို့က ပြောတယ်။မေမေမှားနေတယ်။ မေမေကငါပြောရင်မှန်တယ်ဆိုတာမျိုးကိုပဲ ထင်နေတယ်။အဲ့လိုမျိုးမဟုတ်ဘူး။မေမေမှားနေတာဒီလိုမျိုးလို့ပြောလာရင် အစ်မက ပြန်ပြောင်းလဲရတယ်။ နောက်ကြတော့အစ်မက ကိုယ့်တပည့်ကိုပါ ပြန်တောင်းပန်ရဲ့တဲ့ သတ္တိရှိတဲ့ CEO ဖြစ်လာတယ်။ အဲ့ဒါကြောင့် အစ်မ ရဲ့ ဝန်ထမ်းတွေရဲ့လုပ်သက်တွေက နှစ် ၂၀အထက် တွေ ဖြစ်လာပြီး သူတို့တွေနဲ့ ဒီနေ့အချိန်ထိ အလုပ်လုပ်နေတာပဲ။အစ်မပိုက်ဆံရှိလို့ သူဌေးဖြစ်လာပေမယ့် မာန်မာနမထားရဘူးဆိုတဲ့ စိတ်ကို ကလေးတွေဆီက သင်ရတယ်" ဆိုပြီး သားဆီက အတုယူရတဲ့အချက်တွေကို ပြောပြပေးခဲ့ပါတယ်။
Photo- Sitt Paing Htet FB
နှိမ့်ချရိုကျိုးပြီးလူတွေအပေါ်လေးစားမှုရှိပါစေ
"သူ့ကိုယ်သူ နှိမ့်ချနေတတ်ပြီး စာအရမ်းဖတ်တယ်။ သူ့ဆီမှာရှိတဲ့ အိမ်တွေ၊ နောက်ဆုံးပေါ် ကားတွေဆိုတာသူပိုင်တာမဟုတ်ဘူး။အစ်မရဲ့ ဝန်ထမ်းတွေကိုလည်း သူခိုင်းခွင့်မရှိဘူး။အိမ်ခေါ်ခိုင်းခွင့်လည်းမရှိဘူး။မေမေပိုင်ဆိုင်တာငါတို့ပိုင်ဆိုင်တာမဟုတ်ဘူး။မေမေချမ်းသာတယ်ငါတို့ချမ်းသာတာမဟုတ်ဘူး။ငါဟာဘာမှ မရှိသေးဘူး။သုညဆိုတဲ့ဟာကိုသူတို့ကိုယ်သူတို့အောက်ကျို့ပြီးနေတယ်။ ဘယ်သူနဲ့ပဲ တွေ့တွေ့ပါ။သူနောက်ဆုံး ပွဲတစ်ပွဲသွားရင်တောင်စီနီယာအနုပညာရှင်တွေ ဝင်လာရင် သူဘယ်တော့မှခုံမှာထိုင်မနေဘဲ မင်္ဂလာပါခင်ဗျာ။ စစ်ပိုင်ထက် ဆိုတာမျိုးကို လက်အုပ်ချီပြီးလိုက်မိတ်ဆက်တယ်။အဲ့လိုအလေ့အထမျိုးကို အစ်မ သဘောကျလို့ကို သူ့ကို သင်ထားပေးတာ။ အဲ့ဒါကြောင့်လည်းကလေးက အခုချိန်ထိတော့ ထောင်ထောင်ထောင်ထောင်နဲ့ မနေသေးဘူး။နောင်ဘယ်အချိန်ကျမှ ပြောင်းလဲမလဲတော့မသိသေးပေမယ့် သင်လို့ရသရွေ့တော့ သင်ပေးနေတယ်"လို့ အဆိုတော်စစ်ပိုင်ထက် ရဲ့ မိခင်က ပြောပြခဲ့ပါတယ်။
အဆိုတော်စစ်ပိုင်ထက်ကတော့ မန္တလေးက ဆယ်ကျော်သက် လူငယ်အဆိုတော်တစ်ဦးဖြစ်ပြီး "သစ္စာရှိပါနော်" " ရွှေခြေကျင်းနဲ့ မန္တလေးသူ" သီချင်းတွေနဲ့ အောင်မြင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။