သူမရဲ့ အကောင့်လည်းတစ်ချိန်လုံးအဟက်ခံနေရတာတယ်တဲ့။

ပရိသတ်တွေကြောင့် စမိုင်းလ်တစ်ယောက် တော်တော့်ကို ပျော်သွားခဲ့ပါတယ်။ သူမစိတ်ညစ်နေတဲ့အချိန်မှာ We Love လေးတွေက သူမဆီလာ တွေ့ခဲ့တာကြောင့် စမိုင်းလ်တစ်ယောက် ပျော်နေခဲ့တာပါ။

ှPhoto : စမိုင်း FB

 

ပရိသတ်တွေကြောင့် စမိုင်းလ်တစ်ယောက် တော်တော့်ကို ပျော်သွားခဲ့ပါတယ်။ သူမစိတ်ညစ်နေတဲ့အချိန်မှာ We Love လေးတွေက သူမဆီလာ တွေ့ခဲ့တာကြောင့် စမိုင်းလ်တစ်ယောက် ပျော်နေခဲ့တာပါ။

"ကိုယ့်ရဲ့ Smiley လေးတွေစိတ်ညစ်နေတဲ့လာတွေ့ချစ်ပေးတဲ့အတွက်ကျေးဇူူးပါ။ လက်ဆောင်လေး တွေတကူးတက ယူလာပေးတဲ့ အတွက် လည်း အရမ်းချစ် .. နောက်လည်းအမြဲချစ်ပေးကြပါနော်" ဆိုပြီး စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၂) ရက်နေ့က ရေးသားထား တာတွေ့ရပါတယ်။

ှPhoto : စမိုင်း FB

သူမရဲ့ ဖေ့်ဘွတ်ပေ့ချ်ကို တစ်ချိန်လုံး လိုက်ဟက်နေတာကြောင့် စမိုင်းလ်မှာ စိတ်ညစ်နေရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက် ကလည်း သူမရဲ့ ဖေ့စ်ဘွတ်ကို ဟက်ပြီး အလှူခံသလိုုနဲ့ ငွေညှစ်ခံခဲ့ရပါသေးတယ်။ စက်တင်ဘာ(၂၆)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်၊ ဖေ့စ်ဘွတ် အကောင့်တို့ကို ဟက်ကာလူတစ်စုက ခိုးဝင်ပြီး ငွေညှစ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို ပြောပြထား တာတွေ့ရပါတယ်။

"Smile ရဲ့ ဒီ Page အပြင် Smile Maung အကောင့်ကို Hacker လူတစ်စုကခိုးဝင်ပြီး ငွေညှစ်လို့မနေ့က အွန်လိုင်းပေါ်မလာဖြစ်ဘူး.။ဒီလိုမျိုး လူတွေရဲ့အကောင့်တွေကိုခိုးဝင်ပြီးငွေညှစ်နေတာတွေသူတို့တွေဘယ်နှစ်ယောက်လုပ်ပြီးပြီလဲ.။အလှူခံတယ် ပရဟိတဆိုပြီး ဓားပြတိုက်တာ ကြောက်စရာကောင်းလိုက်တာကိုယ့်ရဲ့ Page ကိုဝင်ပြီးကိုယ့်ကိုထုတ်ပြီးငွေညှစ်ခံရတာ ကြောက်လည်းကြောက် စိတ်လည်းတိုတယ်."ဆိုပြီး စက်တင်ဘာ(၂၆) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ှPhoto : စမိုင်း FB

 

အခုချိန်ထိ သူမရဲ့ အကောင့်ကို ဟက်နေတုန်းဆိုပြီး အောက်တိုဘာ(၂) ရက်နေ့ ပြောထားပါသေးတယ်။အလှူအတန်းတွေမှာ ရက်ရောလှတဲ့ သူတို့မိသား စုလေးဟာ ရေဘေးသင့်ပြည်သူများအတွက်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်မလှူတန်းနိုင်ပေမယ့် သစ်တံခါး ဆရာတော် ဖောင်ဒေး ရှင်း ကနေ အလှူငွေ လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။

ှPhoto : စမိုင်း FB

 

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင် ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်း တစ် ယောက်ဖြစ်လို့နေပါပြီ။

Share

Loading Next Article...
က္က