ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်နဲ့ ကလေးတွေကို ချစ်ပေးနိုင်တဲ့သူမျိုးက သူမရဲ့ ဘဝအတွက် အဆင်ပြေမယ့်သူဖြစ်တယ်လို့ ဆိုပါတယ်။
Photo: Khine Hnin Wai
ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ သူမရဲ့ အချစ်ရေးအကြောင်း ပြောပြလာပါတယ်။ သူမဟာ ကလေးတွေ အများကြီးကိုလည်း မွေးစားထားတာဖြစ်သလို ပရဟိတအလုပ်တွေ အဆက်မပြတ်လုပ် ဆောင်နေတာ ကြောင့် ဒီအလုပ်တွေ အပေါ် နားလည်ပေးနိုင်မယ့် သူမှသာ အဆင်ပြေမယ်လို့ Duwun ကနေ ပြောလာပါတယ်။
“ အစ်မကလေ အစ်မရဲ့ ပရဟိတအလုပ်နဲ့ အစ်မရဲ့ ကလေးတွေကို ချစ်ပေးနိုင်တဲ့သူမျိုးက ဘဝအတွက် အဆင်ပြေမယ်လို့ထင်တယ်။ ဒီအတွက်ကြောင့် စိတ်တူကိုယ်တူ ပရဟိတ အလုပ်တွေ လုပ်မယ်။ ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ၊ ဘယ်လိုရှင်သန်ရမလဲ ဆိုတာကိုပဲ တွေးတယ်။ အစ်မဆိုရင် ဒီအသက်အရွယ်ရောက်တဲ့အထိဖြတ်သန်းခဲ့ရတဲ့အခါမှာ ဇွတ်လုပ်ခဲ့တဲ့ အရာတွေ အများကြီးပဲ။ ဇွတ်ဖန်တီးတိုင်းလည်း မဖြစ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ဘယ်အရာကိုမှ အရှုံးမခံချင်ဘူး။ ဘုရားပေးတဲ့ လမ်းကြောင်းအတိုင်းပဲ သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ သူကဆိုပါတယ်။
Photo: Khine Hnin Wai
ခိုင်နှင်းဝေဟာ သူမရဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားချင်တယ်လို့လည်း ပြောလာပါတယ်။ ဒါကြောင့် စိတ်ကိုလည်း ရိုးရိုးရှင်းရှင်းပဲ ထားတယ်လို့ သူက ဆိုပါတယ်။
“ အစ်မတို့က ဘောင်ထဲမှာ နေရတဲ့အတွက်ကြောင့် တစ်ခါတလေကျရင် လူတွေက ပြောကြတယ်။ ပရဟိတလုပ်ပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ တကယ်တော့ လူ့ဘဝ သက်တမ်းက တိုတိုလေး နောက် (၅) နှစ်၊ (၁၀) နှစ်မှာလည်း သေချင် သေမယ်။ အစ်မ အသက်ရှင်နေတဲ့ ကာလအတွင်းမှာ ကုသိုလ်ကောင်းမှုတွေ လုပ်ချင်တယ်၊ ပျော်ချင်တယ်၊ စိတ်ချမ်းသာသလို နေချင်တယ်။ သူများ ပစ္စည်းမခိုးဘူး။ သူများ သားမယားလည်း မပြစ်မှားဘူး။ ကံ (၅)ပါး လုံအောင်နေတယ်။ အစ်မရဲ့ စိတ်ကို ရိုးရိုးရှင်းရှင်းထားတယ်” ဆိုပြီးတော့ မေလ ၂၇ ရက်နေ့က အလှူမှာ ဖြေဆိုခဲ့တာပါ။
Photo: Khine Hnin Wai
ခိုင်နှင်းဝေဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးမှာ စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။
Photo: Khine Hnin Wai
ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များစွာကိုလည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ၊ အလုပ်တွေ မလုပ်ရလို့ မိသားစုဝမ်းစာအတွက်အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုလည်း ရင်းနှီးမြုပ်နှံဖို့အတွက် ငွေကြေးအင်အား နဲ့ ကူညီခဲ့တာကိုလည်း တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။