ချယ်ဆီးအသင်းနည်းပြ မူရီဇီယိုဆာရီက အသင်းအတွက် ၎င်းစိတ်ကူးထားတဲ့အတိုင်း ပြီးမြောက်တဲ့အထိဆိုရင် စိတ်ရှည်သည်းခံကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဘုန်းမောက်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆာရီက ချယ်ဆီးကစားသမားတွေဟာ စိတ်ဓာတ်ခွန်အားမြှင့်တင်ရခက်တဲ့သူတွေလို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာစီးတီး၊ လီဗာပူးနဲ့ စပါးတို့ဟာ အောင်မြင်မှုအတွက် ထောက်ပံ့မှု ကမ်းလှမ်းခံခဲ့ရကြောင်း ဆာရီက ပြောကြားခဲ့ပါတယ်။
ဘုန်းမောက်အသင်းကို အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ အဆင့် ၅ နေရာအထိ ကျဆင်းသွားခဲ့ပြီး ၂၂ နှစ်အတွင်း အဆိုးရွားဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ယင်းပွဲအပြီးမှာ ဆာရီဟာ ကစားသမားတွေနဲ့ အဝတ်လဲခန်းအတွင်းမှာ အကြိတ်အနယ်ဆွေးနွေးခဲ့ပါသေးတယ်။
“အင်္ဂလန်ဘောလုံးလောကဟာ အဲဒီလို(ထိပ်တန်းအသင်း)အသင်းတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ရေရှည်စီမံကိန်းရှိခဲ့ကြပြီး စိတ်ရှည်သည်းခံမှုလည်း ရှိခဲ့ကြလို့ပါ”
“ပထမဆုံးနည်းပြက လွန်ခဲ့တဲ့ ၅ နှစ်လောက်က ရောက်လာခဲ့တယ်။ နောက်တစ်ယောက်က လွန်ခဲ့တဲ့ ၃ နှစ်ကဖြစ်ပြီး နောက်ထပ်တစ်ယောက်က လွန်ခဲ့တဲ့ ၂ နှစ်ကပါ”
“ယာဂင်ကလော့ပ်ရဲ့ ပထမဆုံးရာသီမှာ လီဗာပူးအသင်းဟာ အမှတ်ပေးဇယားအလယ်မှာ ရှိနေခဲ့တာကို သတိရစေချင်ပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ဘောလုံးကို ကစားချင်တဲ့ အိပ်မက်မက်နေသူပါ”လို့ ဟက်ဒါစ်ဖီးလ်နဲ့ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။