စိုးမြတ်နန္ဒာက ဒီနေ့မှာ သူမရဲ့ အသက်(၃၉)နှစ်ပြည့် မွေးနေ့အလှူကို မန္တလေးမြို့မှာ ရှိတဲ့ အမရပူရ မဟာဂန္ဓာရုံ စာသင်တိုက်တွင် မွေးနေ့အကြို အလှူကို ပြုလုပ်ခဲ့ပါတယ်.
Photo : ပတ္တမြားကေခိုင် FB
သရုပ်ဆောင် စိုးမြတ်နန္ဒာက ဒီနေ့ (ဒီဇင်ဘာ၁၃ရက်)မှာ မန္တလေးမြို့မှာ ရှိတဲ့ အမရပူရ မဟာဂန္ဓာရုံ စာသင်တိုက်တွင် သူမရဲ့ မွေးနေ့အလှူကို ပြုလုပ်ခဲ့ပါတယ်။ဒီဇင်ဘာ(၁၅) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ အသက်(၃၉) နှစ်ပြည့် မွေးနေ့အတွက် ဒီနေ့မှာ ကြိုပြီး မွေးနေ့အလှူပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီစာသင်တိုက်မှာ အလှူလုပ်ဖို့အတွက် ၂၀၁၆ခုနှစ်ထဲက ကြိုပြီး အလှူလုပ်မယ့် ရက်ကို တောင်းခဲ့ရတာလို့ သိရပါတယ်။ အခုတော့ သူမရဲ့ စိတ်ကူးလေးတွေ အိမ်မက်လေးတွေ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။
Photo : ပတ္တမြားကေခိုင် FB
သူမချစ်တဲ့ မန္တလေးမြို့မှာ ပထမဆုံးမွေးနေ့အလှူလေး ပြုလုပ်ရတဲ့အတွက် အရမ်းကို ပျော်လို့နေပါတယ်။စိုးမြတ်နန္ဒာက လက်ရှိမှာအနုပညာအလုပ်တွေ ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။
အခုချိန်မှာ “မင်းသမီးပိုးထည်တိုက်” ဆိုတဲ့ ဆိုင်ကို အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ ညီမလေးတွေ ဖြစ်ကြတဲ့ စန္ဒီမြင့်လွင် ၊ စိုးပြည့်သဇင်တို့နဲ့အတူ ပူးပေါင်းဖွင့်လှစ်ထားပြီး ကိုယ်တိုင်လည်း ဆိုင်ထိုင်နေတယ်လို့ သိရပါတယ်။
Photo : ပတ္တမြားကေခိုင် FB
အဲ့ဒီနောက် သူမရဲ့ ချစ်သူ အဆိုတော် စိုးသူရဲ့ အနုပညာအလုပ်တွေမှာလည်း ဝိုင်းဝန်းအကြံပေးဖြစ်နေတာကို တွေ့ရပါတယ်။ နှစ်ယောက်အတူတူလည်း အလှူအတန်းတွေ၊ ကုသိုလ်ကောင်းမှုတွေ၊ ဘာသာရေးတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။အခုဆိုရင် သရုပ်ဆောင် စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ချစ်သူသက်တမ်း(၅)နှစ်ကျော် ရှိလို့နေပါပြီ။
Photo : ပတ္တမြားကေခိုင် FB
စိုးမြတ်နန္ဒာဟာ သားဖြစ်သူ မြတ်သောမောင်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေပါတယ်။ မြတ်သောမောင်က အခုလက်ရှီမှာ အသက်(၁၀)နှစ်ကျော်ရှိနေပါပြီ။ ITနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာကြောင့် ကြီးလာရင် Game တွေထုတ်ဖို့၊ Software တွေရေးဖို့ကိုပဲ အားသန်တဲ့ကလေးတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။