စိုင်းစိုင်းက ဒီနေ့မှာ သူ့ရဲ့ ပရိသတ်တွေအတွက် Live တစ်ခု လွှင့်ပေးခဲ့တာ တွေ့ရပါတယ်။အဲ့ဒီ live မှာ ဖြိုးကြီးက စိုင်းစိုင်းတို့ ပွဲအကြောင်း ပြောရင်း စိုင်းစိုင်းရဲ့ နာမည်ပြောင် လေးဖြိုးကြီးက ခေါ်ခဲ့တာပါ။
Photo : စိုင်းစိုင်း FB
စိုင်းစိုင်းက ဒီနေ့မှာ သူ့ရဲ့ ပရိသတ်တွေအတွက် Live တစ်ခု လွှင့်ပေးခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ Live မှာ ပါဝင်ဖို့ အတွက် သူငယ်ချင်းဖြစ်သူ ဖြိုးကြီးကိုပါ ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ စိုင်းစိုင်းက မကြာခင်မှာ ကျင်းပပြုလုပ်မယ့် ရှိုးပွဲနဲ့ ပတ်သက်ပြီး ပြောပြဖို့အတွက် ဒီနေ့ (စက်တင် ဘာ၁၂ရက်)က Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ live မှာ ဖြိုးကြီးက စိုင်းစိုင်းတို့ ပွဲအကြောင်း ပြောရင်း စိုင်းစိုင်းရဲ့ နာမည်ပြောင် လေးဖြိုးကြီးက ခေါ်ခဲ့တာပါ။
Photo : စိုင်းစိုင်း FB
"သူ့ကို ကျွန်တော် ငယ်ငယ်ကတည်းက ခေါ်တဲ့နာမည်ရှိပါတယ်။ Live ထဲမှာကော ကျွန်တော်သူ့ကို ငယ်ငယ်တုန်းက ခေါ်တဲ့နာမည်ရှိ တယ်။ အဲ့ဒါရှမ်းလို့ခေါ်တာ။ သူငယ်ချင်းထဲမှာလည်း ထူးထူးခြားခြား ရှမ်းဆိုလို့ သူတစ်ယောက်ပဲ ရှိတာ။ အဲ့ဒါကြောင့် ရှမ်းလို့ခေါ်မယ်နော်" ဆိုပြီး စိုင်းစိုင်းရဲ့ Live ထဲမှာ ဖြိုးကြီးက ပြောပြထားတာပါ။
စိုင်းစိုင်းကလည်း ရှမ်းဆိုတဲ့ နာမည်က ဘယ်တုန်းက ဘယ်လို ရှမ်းဆိုတဲ့ နာမည်စဖြစ်သွားမှန်း မသိခဲ့ဘူးလို့ Live ထဲမှာ ပြန်ပြောထားပါတယ်။ ထို့နောက်မှာ စိုင်းစိုင်းနဲ့ ဖြိုးကြီးတို့ဟာ မကြာခင် ပြုလုပ်တော့မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ "ပြီးခဲ့သော ဇာတ်လမ်းအကျဥ်း" ရှိုးပွဲအတွက် ဆက်ပြီး ပြောခဲ့ကြသလို စိုင်းစိုင်းရဲ့ ပရိသတ်တွေအတွက် သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။
မကြာခင် ကျင်းပပြုလုပ်သွားမယ့် Sai Sai Show
စိုင်းစိုင်းဟာ လာမယ့် အောက်တိုဘာ (၁၄) ရက်နေ့မှာ "ပြီးခဲ့သောဇာတ်လမ်းအကျဉ်း" ဆိုတဲ့ နာမည်နဲ့ ရှိုးပွဲတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရှိုးပွဲကို ငယ်ငယ်က စိတ်ကူးအတိုင်း အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကိုဓိရာမိုရ်တို့ တီးဝိုင်းနဲ့အတူ သီချင်းအားလုံးကို ဖျေ်ာဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ခါ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲမှာယခင် သူနဲ့အတူ သီချင်းများ အတူတူဆိုခဲ့ဖူးသော အနုပညာရှင်တွေများစွာ ပါဝင်မယ်လို့လည်း သိရပါတယ်။
အောက်တိုဘာ(၁၄) ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲအတွက် လက်မှတ်များကိုလည်း စက်တင်ဘာ(၁၆) ရက်နေ့ကစလို့ Junction City 5 လွှာမှာ စတင်ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ဆင်မှု အသစ် ဖျော်ဖြေမှု အသစ်တွေနဲ့ ပြုလုပ်မယ့် စိုင်းစိုင်းရှိုးအတွက် ပရိသတ်တွေလည်း ရင်ခုန်လို့ နေပါတယ်။
Photo: စိုင်းစိုင်း FB
စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
Share