ဘာလေးတွေ ဖြစ်မလဲ။

စိုင်းစိုင်းခမ်းလှိုင်က R ဇာနည်နဲ့ အတူရှိခဲ့တဲ့ ချာတိတ်ဘဝ အမှတ်တရလေးတစ်ခုကို ပရိသတ်တွေကို ပြောပြထားတာပါ။

ချာတိတ်ဘဝက ပုံလေး Photo : စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်က R ဇာနည်နဲ့ အတူ ရှိခဲ့တဲ့ ချာတိတ်ဘဝ အမှတ်တရလေး တစ်ခုကို ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်။ အဆိုတော် Rဇာနည်နဲ့အတူ ငယ်စဉ် ချာတိတ်ဘဝတုန်းက တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ပြီး အမှတ်တရတချို့ကို ယခုလို ပြောပြခဲ့တာပါ။

“ချာတိတ်ဘဝ ပေတလူးလေးတွေ ဇာနည်ရယ် ရေတံခွန်ပေါ်ကို နွယ်ကြိုးဆွဲပြီးတက်သွားတာ အပေါ်ရောက်တော့ ဘာမှမချည်ထားဘူး ကံကောင်းလို့လက်စသတ်တော့ ငါက အဲကတည်းက 5th wheel ပဲ” ဆိုပြီး စိုင်းစိုင်းက ပြောထားတာပါ။

R ဇာနည်နဲ့ ရန်ရန်ချမ်းတို့ စုံတွဲ Photo : ရန်ရန်ချမ်း

သူတို့နှစ်ယောက်ရဲ့ ပုံလေးကို ရိုက်ပေးထားတဲ့ ဓာတ်ပုံဆရာက အဆိုတော် ရန်ရန်ချမ်း ဖြစ်ပါတယ်တဲ့။ အခုထက်ထိ အဲ့ဒီပုံလေးကို သိမ်းဆည်းပေးထားတဲ့ အဆိုတော် ရန်ရန်ချမ်းကိုလည်း ပရိသတ်တွေက လေးစားနေကြပါတယ်။ စိုင်းစိုင်းနဲ့ Rဇာနည်တို့ရဲ့ ပုံလေးတွေကြည့်ပြီး သူတို့နှစ်ယောက်ရဲ့ နုပျိုမှုလေးတွေကိုလည်း ချီးကျူးထားပါသေးတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ အဆိုတော် R ဇာနည်တို့ဟာ ဂီတလောကမှာ အောင်မြင်မှုများစွာနဲ့အတူ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်တွေ ဖြစ်ကြပါတယ်။

Photo : စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီမှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ ခုနှစ်မှာ Sai Sai Birthday ၊ ၂၀၀၉ ခုနှစ်မှာ အဲဗားဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။

Photo : Rဇာနည်

Rဇာနည်ဟာ င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ ထို့နောက် Owntune သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ Rဇာနည်ဟာ လက်ရှိမှာ သားနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သာယာတဲ့ မိသားစုလေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုု လုပ်ဆောင်နေတဲ့ အောင်မြင်နေဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က