သူမက ရုပ်ရှင်မရိုက်ဘူးလို့ အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးတယ်။

ပိုးမမှီသာဟာ ရုပ်ရှင်မရိုက်ဘူးဆိုတာကို အင်တာဗျူးတွေမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် စိုင်းစိုင်းနဲ့အတူတွဲပြီးရုပ်ရှင်ကားကြီး ရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကို အခုလို ပြောပြလာပါတယ်။ 

Photo: Poe Mamhe Thar



ပိုးမမှီသာကတော့ “ပိတောက် ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စိုင်းစိုင်းခမ်းလှိုက်နဲ့အတူတွဲပြီး သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူ့အတွက် ပထမဆုံးရိုက်ကူးဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပေမယ့် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့်ဖြစ်ခဲ့တဲ့အကြောင်းကို အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ညီမအတွက်က ဒီဇာတ်ကားဟာ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်တဲ့အပြင် ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတယ်။ ဇာတ်လမ်းကလည်း အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ညီမကိုယ်တိုင် နှစ်သက်တဲ့ ဇာတ်ကားပုံစံမျိုးလေးလည်းဖြစ်တော့ ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရမယ်ဆိုတာက ညီမ လက်ခံလိုက်တဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေလည်း ပါတဲ့အတွက်ကြောင့် အနုပညာနဲ့ပတ်သက်ပြီး လေ့လာခွင့်ရမယ် ဆိုတာကလည်း ညီမကို အများကြီး လက်ခံစေတဲ့ အချက်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Poe Mamhe Thar

ပိုးမမှီသာ ဟာ “ပိတောက်ဂီတ” ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်က အတွေ့အကြုံတွေကိုလည်း ပြန်လည် ပြောပြလာပါသေးတယ်။ စီနီယာ သရုပ်ဆောင်တွေ ဆီက ပညာတွေ အများကြီးရခဲ့တယ်ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က XIMI ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။  

“ ညီမက သရုပ်ဆောင် အသစ်ဖြစ်တဲ့အတွက် လေ့လာသင်ယူစရာတွေက အများကြီးလိုအပ်ပါသေးတယ်။ ဇာတ်ကားရိုက်နေတဲ့ အချိန်မှာလည်း ကိုယ့်ကို သင်ပြပြောပြပေးတဲ့ သူတွေလည်း အများကြီးဆိုတော့ ပျော်စရာလည်းကောင်းတယ်။ အလုပ်အတူတွဲလုပ်ခွင့်ရတော့ အတွေ့အကြုံတွေလည်းရတယ်” ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Poe Mamhe Thar

ပိုးမမှီသာဟာ အနုပညာအလုပ်တွေ စတင်ဆောင်ရွက်ခဲ့စဉ်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရုပ်ရှင်ကားကြီးတွေ မရိုက်ဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် “ပိတောက် ဂီတ” ဇာတ်ကားလက်ခံဖြစ်လိုက်တာကတော့ သူ အရမ်းကြိုက်တဲ့ ဇာတ်လမ်းဖြစ်လို့ပါတဲ့။ 

“ ညီမ ရုပ်ရှင်မရိုက်ဘူးလို့ အစကတည်းက ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ်က ဒီအနုပညာအလုပ်ကို လုပ်ရင်းနဲ့ သဘောကျနှစ်သက်လာတဲ့ အခါမှာ အသစ်တွေ တစ်ခုပြီး တစ်ခု လုပ်ချင်လာတဲ့ စိတ်က ဖြစ်လာတယ်။ အခုကလည်း ပိတောက်ဂီတမှာ ဇာတ်လမ်းလေးရယ်၊ ကိုယ်နဲ့ ပါဝင်သရုပ်ဆောင်ရမယ့် အနုပညာရှင်တွေ၊ ရိုက်ရမယ့် ဇာတ်ညွှန်းကို ကြည့်လိုက်တဲ့အချိန်မှာ နောက်တစ်ခေါက်ပြန်မရနိုင်မယ့် အခွင့်အရေးလည်းဖြစ်တယ်၊ ကြိုးစားချင်စိတ်လည်း ရှိတော့ ရိုက်ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။ 

Photo: RBV

ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘’သိင်္ဂါရ သီချင်းတစ်ပုဒ်’’ ဆိုတဲ့ Music MTV လေးကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ မကြာသေးခင်ကလည်း စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ "ပိတောက်ဂီတ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က