အိမ်ထောင်မရှိသူ ဖြစ်ရမယ်တဲ့။

ကိုယ့်ရဲ့ Idol ကြီးနဲ့အတူတူ သရုပ်ဆောင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာပြီနော်။ TV Series ရိုက်ကူးဖို့အတွက် အမျိုးသမီး သရုပ်ဆောင် သစ်(၂)ဦးခေါ်ယူနေတာပါ။ ကိုယ်ချစ်တဲ့အနုပညာရှင်နဲ့အတူ တွဲပြီး သရုပ်ဆောင်ခွင့်ရဖို့ အမြန်ဆုံးလှုပ်ရှားဖို့လိုမယ်နော်။

Photo : sai sai

မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ TV Series တစ်ခုမှာ သရုပ်ဆောင်ဖို့အတွက် အမျိုးသမီး သရုပ်ဆောင်သစ်(၂)ဦး ခေါ်ယူနေတယ်လို့ သိရပါတယ်။ သွက်လပ်ချက်ချာပြီး ရဲရဲတင်းတင်း သရုပ်ဆောင်နိုင်တဲ့သူ၊ အိမ်ထောင်မရှိသူဖြစ်ပြီး အသက်(၁၈-၂၅)နှစ်အတွင်းဖြစ်ရမယ်ဆိုပြီး ထုတ်လုပ်ရေးဘက်က ကြေညာထားပါတယ်။

“သွက်လက်ချက်ချာပြီး ရဲရဲတင်းတင်းသရုပ်ဆောင်နိုင်သူ၊ အသက် ၁၈ - ၂၅ အတွင်း၊ အိမ်ထောင်မရှိသူ လူလွတ်ဖြစ်ရမည်၊ကိုယ်လုံးပေါ်အလှဓာတ်ပုံတစ်ပုံ၊ မျက်နှာထင်ရှားစွာမြင်ရသော လိုင်စင်ဓာတ်ပုံတစ်ပုံ၊ အရုပ်အသံကြည်လင်စွာဖြင့် မိမိနှစ်သက်ရာ အကြောင်းအရာတစ်ခုအား ၃ မိနစ်စာ သရုပ်ဆောင်ထားသော ဗီဒီယိုဖိုင်တစ်ခု၊ နေရပ်လိပ်စာ ဖုန်းနံပါတ်” တို့ကို info@myanmarmedia7.com သို့ ဒီဇင်ဘာ(၃၁) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ပေးရမှာ ဖြစ်ပါတယ်။

Photo : sai sai

ရွေးချယ်ခံရတဲ့ သရုပ်ဆောင်သစ်(၂)ဦးကတော့ ဝင်္ကပါလမ်းမများ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုး ၊သက်မွန်မြင့် ၊အေးမြတ်သူ၊ ခင်ဝင့်ဝါ  တို့နဲ့အတူ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ထွဋ်တင့်ထွန်းက ရိုက်ကူးမှာ ဖြစ်ပြီး Skynet ကနေ ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Photo : sai sai

စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က အသက် ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


Share

Loading Next Article...
က္က