ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့တာပါ။

လက်ရှိ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အူဒီနီးစ်က ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ပတ်သက်လို့ နောက်ပြောင်ကမ်းလှမ်းမှုတခုကို ပြုလုပ်သွားခဲ့ပါတယ်။ အူဒီနီးစ်ဟာ လက်ရှိဘောလုံးရာသီ စီးရီးအေမှာ ရိုးမား၊ အင်တာမီလန်တို့လို ထိပ်တန်းအသင်းတွေကိုပါ အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။



အူဒီနီးစ်ဟာ စီးရီးအေမှာ (၇) ပွဲကစားပြီးချိန်မှာ ရမှတ် (၁၆) မှတ်ရရှိထားပြီး (၅) ပွဲဆက် နိုင်ပွဲရရှိထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ နည်းပြ အန်ဒရီယာဆော့တေးလ်ရဲ့ အသင်းကလည်း ချီးကျူးမှုတွေရရှိနေပြီး ဒီပုံစံကောင်းကို ဘယ်လောက်အထိ ဆက်လက်ထိန်းသိမ်းသွားနိုင်မလဲဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိပါတယ်။

ဒီလိုအချိန်မှာပဲ အူဒီနီးစ်က သူတို့ရဲ့ တရားဝင်တွစ်တာကတဆင့် ယူနိုက်တက်ရဲ့ နာမည်ကျော် တိုက်စစ်မှူးကြီး ရော်နယ်ဒိုကို အသင်းမှာ လာရောက်ကစားဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အူဒီနီးစ်ရဲ့ ပို့စ်အောက်မှာ အူဒီနီးစ်ရဲ့ဂိုးသမား မာကိုဆီဗက်စထရီကလည်း ရော်နယ်ဒိုကို မန်းရှင်းခေါ်ပြီး အူဒီနီးစ်ကို လာရောက်ဖို့ ထပ်မံတောင်းဆိုခဲ့ပြန်ပါတယ်။

နိုင်ငံတကာရက်သတ္တပတ်ကြောင့် ကလပ်အသင်းပွဲစဥ်တွေ ရပ်နားထားတဲ့ကာလအတွင်း အူဒီနီးစ်ရဲ့ လုပ်ရပ်ကတော့ ပရိသတ်တွေအကြား ပွဲကျစရာဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းနေပြီး နေးရှင်းလိဂ်ပွဲစဥ်တွေအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေအတွေ့အကြုံရှိ ကစားသမားတယောက်ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်နဲ့အတူ စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း အီတလီကလပ်တွေဖြစ်တဲ့ အင်တာမီလန်၊ အေစီမီလန်၊ နာပိုလီတို့ကို ပြောင်းရွှေ့ဖို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နွေစျေးကွက်ပိတ်ချိန်အထိ အသင်းမပြောင်းဖြစ်ခဲ့ဘဲ ယူနိုက်တက်မှာသာ ဆက်ရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က