လာဇီယိုတသင်းတည်းကိုသာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ်ဖြစ်လာတော့မယ့် ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေသွင်းဂိုး ၉ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ် ရရှိခဲ့ပါတယ်။ စုစုပေါင်း ၃၂ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အတ္တလန္တာကတော့ ယူရို ၁၈ သန်းနဲ့ ဝယ်ခဲ့တဲ့ တိုက်စစ်မှူးကို တနှစ်အကြာမှာပဲ ယူရိုသန်း ၇၀နဲ့ ပြန်လည်ရောင်းထုတ်နိုင်ခဲ့တာမို့ အကျိုးအမြတ်အများအပြားရရှိခဲ့ပါပြီ။ 

ဟော့ဂျ်လန်းရဲ့ ဆိုးရွားတဲ့ မှတ်တမ်းတခုကတော့ သူ့ရဲ့ သွင်းဂိုး ၉ ဂိုးမှာ အသင်းကြီးတွေဖြစ်တဲ့ အင်တာမီလန်၊ အေစီမီလန်၊ နာပိုလီ၊ ဂျူဗင်တပ်စ်နဲ့ ရိုးမားတို့ကို ဂိုးမသွင်းယူနိုင်ခဲ့တာဖြစ်ပြီး လာဇီယိုကို ၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ကျန် ၈ ဂိုးကတော့ အလယ်အလတ်အသင်းတွေနဲ့ အသင်းငယ်လေးတွေ ဖြစ်နေခဲ့တာပါ။ သူဟာ အသင်းကြိးတွေနဲ့ စုစုပေါင်း ၉ ပွဲကစားခဲ့ရာမှာ ၁ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

မှတ်တမ်းတွေအရဆိုရင် သူ့ရဲ့ Big Chance လွဲချော်မှုအကြိမ်အရေအတွက်က သွင်းဂိုးတွေထက် ပိုမိုများပြားနေခဲ့ပြီး သူ့ရဲ့ အဆုံးသတ်ပိုင်းကတော့ စိုးရိမ်စရာအနေအထားတခုမှာ ရှိနေခဲ့ပါတယ်။ အဆုံးသတ်ပိုင်း ပိုကောင်းလာဖို့အတွက်တော့ ယူနိုက်တက်မှာ သူ အားထုတ်ရမှာဖြစ်ပြီး တန်ဟက်ဂ်က ပြောင်းလဲပေးနိုင်မလား စောင့်ကြည့်ရမှာပါ။ 

လက်ရှိမှာတော့ သူ့ကို အပြီးသတ်ခေါ်ယူမှုတွေ လုပ်နိုင်ဖို့ ယူနိုက်တက်က လုပ်ဆောင်နေပြီဖြစ်ကာ လာမယ့်တပတ်အစောပိုင်းမှာပဲ ကစားသမားသစ်အဖြစ် ကြေညာနိုင်ဖို့ရှိတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပြီး ဒိန်းမတ်တိုက်စစ်မှူးက ယူနိုက်တက်ကို သေချာပေါက်ရောက်ရှိခဲ့ပြီလို့ ထပ်မံအတည်ပြုခဲ့ပါတယ်။  

ယူနိုက်တက်ဟာ ဟော့ဂျ်လန်းကို ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တနှစ်သက်တမ်းတိုးခွင့်လည်း ပါရှိမှာဖြစ်ပါတယ်။ ယူရိုခြေစစ်ပွဲတွေမှာ ဒိန်းမတ်အတွက် ခြေစွမ်းပြခဲ့တဲ့ ဟော့ဂျ်လန်းက ယူနိုက်တက်ပရိသတ်တဦးဖြစ်ပြီး သူ ကစားချင်ဆုံးအသင်းကို​ပြောင်းရွှေ့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က