စပယ်လက်တီရဲ့အသင်းဟာ ၁၉၉၀ နောက်ပိုင်း ပထမဆုံး စကူဒက်တိုဖလားကို ရာသီမကုန်ခင် စောစီးစွာ ကိုင်မြှောက်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နာပိုလီနဲ့ ဆေလာနီတာနာတို့ရဲ့ ပွဲစဉ်ဟာ ၁-၁ နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

 

ပထမပိုင်းမှာ နာပိုလီအသင်းက တဖက်သတ် ဖိအားပေး တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့်လည်း ဆေလာနီတာနာ ဂိုးသမား အိုချိုအာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရှိ သရေနဲ့ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

ဒုတိယပိုင်းမှာလည်း နာပိုလီအသင်းကပဲ အသာစီး ရယူနိုင်ခဲ့ပြီး ၆၂ မိနစ်မှာ မားသီးယပ်စ် အိုလီဗီရာက ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်ပြီး နာပိုလီအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

 

၆၆ မိနစ်မှာ အယ်လ်မက်စ်က နာပိုလီအတွက် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့်လည်း ဂိုးညာဘက်တိုင်ဘေးထွက်ကို ဝိုက်ထွက်သွားခဲ့တာကြောင့် စပယ်လက်တီရဲ့အသင်းအတွက် နစ်နာခဲ့ရတာဖြစ်ပါတယ်။

 

ဆေလာနီတာနာအသင်းက ၆၈ မိနစ်မှာ ကစားသမား ၃ ဦးအထိ တပြိုင်နက် အလဲအလှယ်ပြုလုပ်ပြီးနောက် ကစားအားကို မြှင့်တင်ဖို့ ကြိုးပမ်းလာခဲ့ပြီး ၈၄ မိနစ်မှာ ဘူလာယဲ ဒီယာရဲ့ အလွန်ကောင်းမွန်တဲ့ တကိုယ်တော် အစွမ်းနဲ့ ညာတောင်ပံကနေ အတွင်းထဲကို ချိုးဝင်ပြီးနောက် ဂိုးအပေါ်ထောင့်ထဲကို ဆေလာနီတာနာအသင်းအတွက် ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

နာပိုလီအသင်းဟာ မမျှော်လင့်ဘဲ ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆေလာနီတာနာအသင်းက နောက်ဆုံး ၈ ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်နိုင်ဖို့အတွက် မာမာထန်ထန်ပဲ ခုခံသွားခဲ့တာကြောင့် စပယ်လက်တီရဲ့အသင်းဟာ ၁၉၉၀ နောက်ပိုင်း ပထမဆုံး စကူဒက်တိုဖလားကို ရာသီမကုန်ခင် စောစီးစွာ ကိုင်မြှောက်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က