ဆာလာရဲ့ သေချာပေါက်ဂိုးကို အံ့အားသင့်ဖွယ် ဟန့်တားသွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နောက်ခံလူသစ် ကင်မင်ဂျေးကတော့ လီဗာပူးလ်နဲ့ ခြေစမ်းပွဲမှာ အံ့အားသင့်ဖွယ်ရာ ဖျက်ထုတ်ဟန့်တားမှုတခုကို လုပ်ပြသွားခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာရဲ့ သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အလမ်းကို ကင်မင်ဂျေးက အသည်းပေါက်မတတ်ပြေးလွှားကာ ခုခံကာကွယ်သွားခဲ့တာလည်းဖြစ်ပါတယ်။ 

ခြေစမ်းပွဲမှာ ကင်မင်ဂျေးက ဝင်ကစားခွင့်ရရှိခဲ့ပြီး အားထားရမယ့် အနေအထားမျိုးကို ပြသခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်တို့ ကစားပုံပျက်သွားရာကနေ လီဗာပူးလ်က ဘောလုံးရသွားပြီး တန်ပြန်တိုက်စစ်ကို မြန်မြန်ဆန်ဆန်ပဲ စတင်ခဲ့ပါတယ်။ ဒီအချိန်မှာ ကွင်းလယ်စက်ဝိုင်းနားထိရောက်နေတဲ့ ကင်မင်ဂျေးတယောက် နောက်ကို အမြန်ပြန်ဆင်းပြေးခဲ့ရပါတော့တယ်။ 



ဒီလိုပြေးချိန်မှာ ဆာလာက သူ့ထက်ပိုပြီးတော့​ ရှေ့ရောက်နေခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဘယ်ခြမ်းက ပြေးတက်သွားခဲ့တဲ့ လီဗာပူးလ်ကစားသမားကလည်း ဆာလာဆီကို ဘောလုံးရောက်အောင် ပေးပို့နိုင်ခဲ့ကာ ဆာလာက တချက်ထိန်းပြီး ကန်သွင်းချိန် နောက်က အမီလိုက်လာတဲ့ ကင်မင်ဂျေးက ကြားဝင်ဟန့်တားသွားခဲ့တာ ဖြစ်ပါတယ်။ 

ကင်မင်ဂျေးရဲ့ ပြေးအားနဲ့ ဖျက်ထုတ်ပုံကောင်းမွန်မှုကို အထင်းသားမြင်တွေ့ခဲ့ရပြီး ပရိသတ်တွေဆီက ချီးကျူးမှုတွေကိုပါ ရရှိခဲ့ပါတယ်။ ဒီရာသီသစ်အတွက် နာပိုလီကနေ ဘိုင်ယန်တို့ ခေါ်ယူထားခဲ့တဲ့ တောင်ကိုရီးယားသားက ခံစစ်ပိုင်းမှာ အားကိုးရမယ့် ပုံစံကို ပြသခဲ့ပြီး ဆာလာတယောက် ပြုံးရုံလေးပဲ တတ်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 



စီးရီးအေရဲ့ တနှစ်တာအကောင်းဆုံးနောက်ခံကစားသမားဆုကို ရရှိခဲ့တဲ့ ကင်မင်ဂျေးက ဆာလာရဲ့ အပိုင်ကန်သွင်းချက်ကို ဟန့်တားပြီး သူ နာမည်ကျော်ကြားလာခဲ့တာ အကြောင်းမဲ့မဟုတ်ဘူးလို့လည်း သက်သေပြနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က