ရွှေမှုံနေမကောင်းလို့ ချော့ပြီး ဆေးခန်းလိုက်ပို့ခဲ့ပါတယ်တဲ့။

စကားနားထောင်တဲ့ ချစ်ဇနီးလေး ရွှေမှုံကို ရွှေထူးတစ်ယောက် အချစ်ပိုလို့နေပါတယ်။ နေမကောင်းလို့ ဆေးခန်းမသွားချင်တဲ့ ရွှေမှုံကို လည်း ကိုယ်တိုင် ဆေးခန်းလိုက်ပို့ပေးရတယ်လို့ ဆိုပါတယ်။

Photo: Shwe Mhone Yati



ရွှေမှုံရတီ တစ်ယောက် နေမကောင်းဖြစ်လို့နေပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူ ရွှေထူးကိုယ်တိုင်က ဆေးခန်း မသွားချင်တဲ့ ဇနီးချောလေးကို ဆေးခန်း လိုက်ပို့ပေးခဲ့တယ်လို့ ရွှေမှုံက ဆိုပါတယ်။

‘’ဆေးခန်းမပြချင်သော ကလေးငယ်အား ချော့နေသော ပါးပါး’’ ဆိုပြီးတော့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။ အဲဒီနောက် နှစ်ယောက်တွဲပုံလေးကိုလည်း တင်ခဲ့ပါတယ်။ ရွှေထူးကလည်း ချစ်ဇနီးချောလေးရဲ့ Post အောက်မှာ ‘’စကားနားထောင်တဲ့ မိန်းမကို အရမ်းချစ်တယ်’’ ဆိုပြီးတော့ Comment မှာ ပြောထားတာ တွေ့ရပါတယ်။

Photo: Shwe Mhone Yati

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Shwe Mhone Yati

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်း ကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ရွှေထူးကဂီတအလုပ်တွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်လက်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဇနီးမောင်နံှ နှစ်ယောက်စလုံးဟာ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာဖြစ်သလို အလှူအတန်းနဲ့ ပတ်သက်ပြီးတော့လည်း တက်ညီလက်ညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က