အထက်တန်းကျောင်းသားတွေကနေ အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်သူများအထိ AI နည်းပညာနဲ့အကျွမ်းတဝင်ဖြစ်စေဖို့အတွက် စကာၤပူအစိုးရဟာ စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။
Photo: Straits Times
AI Singapore အဖွဲ့အစည်းရဲ့ AI for Everyone အစီအစဉ်ဟာ လူပေါင်း ၁၀၀၀၀ ကို အခမဲ့ AI အခြေခံနည်းပညာများ သင်ကြားပေးသွားမှာပါ။ စကာၤပူ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက် ဝန်ကြီးဌာနကတော့ နေ့စဉ်ဘဝမှာ AI ကို ဘယ်လို အသုံးချရမယ်ဆိုတာကို သိစေဖို့အထောက်အကူအနေနဲ့သင်ပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီသင်တန်းကနေ AI တွေကြောင့် အလုပ်အကိုင်နေရာ အစားထိုးခံရမယ်ဆိုတဲ့ ကြောက်စိတ်တွေပါ ဖယ်ရှားပေးနိုင်မယ်လို့AI Singapore နဲ့ပူးပေါင်းထားတဲ့ Info-Communications Media Development Auhority (IMDA) နဲ့စကာၤပူအမျိုးသား တက္ကသိုလ် (NUS) တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၃ နာရီစာ workshop သင်တန်းအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုတော့ Intel နဲ့Microsoft တို့မှ ထောက်ပံ့သွားမှာပါ။
Microsoft နဲ့Intel တို့ဟာ AI for Everyone မှာ contents ပါတနာများအဖြစ်အပြင် အွန်လိုင်း ဒေတာသိပ္ပံလေ့လာရေး ပလက်ဖောင်းဖြစ်တဲ့ DataCamp မှာပါ လာရောက် ပို့ချပေးသွားမှာပါ။ IMDA ဟာ ဘွဲ့ရကျောင်းသားများအတွက် သီးသန် ့အထူးAI သင်တန်းမှာ အရည်အချင်းပြည့်မီသူများအတွက် ငွေကြေးပံ့ပိုးမှုများပါ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ။
AI Singapore ဟာ စကာၤပူအခြေစိုက် နည်းပညာသုတေသနအဖွဲ့အစည်းများနဲ့ပူးပေါင်းထားပြီး AI ထုတ်ကုန်များ ထုတ်လုပ်ဖို့၊ အစွမ်းအစရှိတဲ့ လူငယ်နဲ့startup များ ဖော်ထုတ်မွေးမြူဖို့ကြိုးပမ်းနေပါတယ်။ အမျိုးသား သုတေသနဖောင်ဒေးရှင်း NRF ဟာ AI Singapore မှာ ၅ နှစ်ကျော်အတွင်း ဒေါ်လာ သန်း ၁၅၀ အထိ ရင်းနှီးမြှပ်နှံသွားမယ်လို့လည်း ကြေငြာထားပါတယ်။
AI အခမဲ့ ဝပ်ရှော့ပွဲတွေကို ယခုလကုန်ပိုင်းက စတင်သွားမှာ ဖြစ်ပြီး နောက်ထပ် ၃ နှစ်အထိ ကြာအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ AI Singapore ရဲ့ ဝက်ဘ်ဆိုက်မှာတော့ စကာၤပူနိုင်ငံသားတွေရဲ့ AI စွမ်းဆောင်ရည်တွေကို တိုးမြှင့်ဖို့နဲ့နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးကို အားကောင်းစေဖို့ဒီအစီအစဉ်ကို စတင်လိုက်တာလို့ဖော်ပြထားပါတယ်။