လျှပ်စစ်မီတာခများ ၃.၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

စင်ကာပူမှာ လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလပတ်အတွက် လျှပ်စစ်မီတာခများ ၃.၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်သွားမှာဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်လာပါတယ်။

(Graph: CNA)

စွမ်းအင်ကုမ္ပဏီ SP Group က ယမန်နေ့ (ဒီဇင်ဘာ ၃၀ ရက်) မှာ မီတာခတိုးမြှင့်မယ့် အစီအစဥ်ကို ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ ယခုလာမယ့် နှုန်းထားသစ်အရ လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် စင်ကာပူဒေါ်လာ ၀.၈၁ ဆင့် မြင့်တက်သွားမှာဖြစ်ပြီး ယခင် တစ်ယူနစ်လျှင် စင်ကာပူဒေါ်လာ ၂၃.၄၃ ဆင့်မှ ၂၄.၂၄ ဆင့် ဖြစ်လာမယ်လို့ သိရပါတယ်။



မီတာတိုးမြှင့်ရခြင်းဟာ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်ပိုများခြင်းကြောင့် ဖြစ်တယ်လို့ SP Group က ဆိုပါတယ်။ လာမယ်နှစ်သစ် ပထမသုံးလပတ် မီတာခနှုန်းထားအရ Housing and Development Board (HDB) ရဲ့ အိပ်ခန်းလေးခန်းပါ တိုက်ခန်းတစ်ခန်းအတွက် ပျမ်းမျှ လစဥ်မီတာခဟာ စင်ကာပူဒေါ်လာ ၂.၇၆ (မြန်မာကျပ်ငွေ ၃,၀၀၀ ကျော်) ပိုမိုကျသင့်နိုင်ပါတယ်။

(Table: CNA)

စင်ကာပူမှာ နောက်ဆုံးအကြိမ် မီတာခဈေးနှုန်း အမြင့်ဆုံးဖြစ်ခဲ့မှုဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာ သုံးလပတ်မှာဖြစ်ပြီး ထိုစဥ်က တစ်ယူနစ်လျှင် စင်ကာပူဒေါ်လာ ၂၅.၂၈ ဆင့် ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။ စင်ကာပူအစိုးရရဲ့ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က ချမှတ်ထားတဲ့ လမ်းညွှန်ချက်များကို အခြေခံပြီး SP Group က လျှပ်စစ်မီတာခတွေကို သုံးလတစ်ကြိမ် ပြန်လည်သုံးသပ်ကာ ပြင်ဆင်သတ်မှတ်လေ့ရှိပါတယ်။

စင်ကာပူမှာ လျှပ်စစ်မီတာခများ တိုးမြင့်လာမှာဖြစ်ပေမဲ့ လာမယ့် ဇန်နဝါရီမှ မတ်လအထိ သုံးလပတ်အတွက် ဂက်စ်ဈေးနှုန်းများ ကျဆင်းသွားမယ်လို့ သိရပါတယ်။ City Gas က ထုတ်ပြန်မှုအရ ဂက်စ်ဈေးနှုန်းမှာ ၄.၂၂ ရာခိုင်နှုန်း သို့မဟုတ် တစ်ယူနစ်လျှင် စင်ကာပူဒေါ်လာ ၀.၇၆ ဆင့် ကျဆင်းသွားမယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က