ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်ခံထားရတာပါ။

စကာၤပူမှာ အိမ်အကူလုပ်ရင်းနဲ့ ရလာတဲ့ငွေစက္ကူအတုတွေကြောင့် ဖမ်းဆီးထားတဲ့ မနော်သောသွဲ့ထူး အာမခံရရှိတယ်လို့ ဒိုက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်က Duwun ကိုပြောပါတယ်။

photo- မောင်တင့်

ဟုတ်ပါတယ်။အာမခံပေးတဲ့သူရှိလို့ သူ့ကို ဥပဒေအရပေါ့ အာမခံနဲ့ပေးတာပါ။” လို့သူကပြောပါတယ်။ မနော်သောသွဲ့ထူးရဲ့ ပထမဆုံးရုံးချိန်းမှာ အာမခံလျှောက်ထားခဲ့တာဖြစ်ပြီးတော့ အဲ့ဒီကနေ တစ်ဆင့်အာမခံံရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မနော်သောသွဲ့ထူးက စကာၤပူမှာ အိမ်အကူအဖြစ်လုပ်ကိုင်ပြီး နေရပ်ပြန်လာစဉ်မှာ သူလုပ်ကိုင်ခဲ့တဲ့ အလုပ်ရှင်က လုပ်အားခတွေအဖြစ်ပေးအပ်ခဲ့တဲ့ ငွေကို စကာၤပူက ငွေလဲကောင်တာမှာလဲလှယ်ခဲ့ပြီးတော့ ရရှိခဲ့တဲ့ ငွေစက္ကူ တစ်သောင်းတန်တွေကနေ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူမရရှိခဲ့တဲ့ လုပ်ခတွေထဲက တစ်သောင်းတန် ငွေစက္ကူအတု ၁၅၄ ရွက်ပါလာခဲ့တာဖြစ်ပြီး ငွေစက္ကူအတု လက်ဝယ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရတာဖြစ်ပါတယ်။ သူမကို ဒိုက်ဦးမြိုမရဲစခန်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်ထားခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပါတ်သတ်ပြီးတော့ စကာၤပူနိုင်ငံက မြန်မာငွေလဲကောင်တာတွေမှာ ငွေလဲရင်သေချာစိစစ်ဖို့နဲ့ တရားဝင်ခွင့်ပြုထားတဲ့ ဘဏ်တွေမှာငွေလဲဖို့ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ စကာၤပူသံရုံးက ထုတ်ပြန်ထားပါတယ်။

 


Share

Loading Next Article...
က္က