မန္တလေးမှာလည်း ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

နီနီခင်ဇော်ရဲ့ တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ မန္တလေးမြို့နဲ့ စင်ကာပူနိုင်ငံတို့မှာ ပြုလုပ်ကျင်းပမယ်လို့ သိရပါတယ်။ သီချင်းအပုဒ်ရေများစွာ သီဆိုသွားဖို့လည်း စီစဉ်ထားပါတယ်တဲ့။

နီနီခင်ဇော်ကတော့ Party Redvolution Show ကို မန္တလေးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီပွဲကတော့ သူမအတွက် တတိယမြောက် Show ပွဲဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်ကျင်းပတော့မယ့် Party Redvolution Show ပွဲက နီနီ့အတွက်ဆိုရင် တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲပါ။ ပထမဆုံးအနေနဲ့ကတော့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ကျင်းပခဲ့တာပါ။ ၂၀၁၈ ခုနှစ်တုန်းကလည်း ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာရှိတဲ့ national theatre မှာ ၂ ရက်ဆက်တိုက် ကပြဖျော်ဖြေခဲ့ပါတယ်’’ လို့ ဆိုပါတယ်။

Party Redvolution Show ကိုတော့ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံမှာလည်း သွားရောက်ဖျော်ဖြေမယ်လို့ နီနီခင်ဇော်က ပြောပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

‘’ နောက်ထပ် အထူးခြားဆုံးပွဲအနေနဲ့ Party Redvolution Show in Singapore ဖြစ်ပါတယ်။ မန္တလေးမှာတော့ နီနီ့အတွက် ကျင်းပမယ့်နေရာက စိန်ခေါ်မှုရှိပေမယ့် စင်ကာပူမှာ သွားရောက်ဖျော်ဖြေမယ့် ပွဲကတော့ Redvolution အဖွဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ မန္တလေးမှာ ကျင်းပပြုလုပ်ခဲ့သလိုပဲ စင်ကာပူမှာလည်း သွားရောက်ကပြဖျော်ဖြေဖို့ စီစဉ်ထားပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၇ ရက်နေ့က Party Redvolution Show စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေတိုင်းမှာ ပြည်ပနိုင်ငံအထိ သွားရောက်ဖျော်ဖြေမယ့်ပွဲကတော့ Party Redvolution Show က ပထမဆုံးဖြစ်ပါတယ်။ ပုံမှန် သီဆိုနေကြ သီချင်းအပုဒ်ရေထက် ပိုဆိုသွားမယ်လို့လည်း သိရပါတယ်။

‘’ သီချင်းကတော့ ၂၈ ပုဒ်ဆိုပါမယ်။ ဆိုဖူးသမျှ Redvolution ပွဲတွေတိုင်းမှာ ဒီတစ်ခေါက်က သီချင်းအပုဒ်ရေ အများဆုံးပဲ။ အမျိုးသမီးအဆိုတော် တစ်ယောက်အနေနဲ့ Party Redvolution Team တစ်ခုလုံးကို ခေါ်ပြီး စင်ကာပူမှာ သွားလုပ်ရတာဖြစ်တဲ့အတွက် စိန်ခေါ်မှုအရမ်းများပါတယ်။ ဘက်ပေါင်းစုံကနေလည်း ဖိအားတွေ အများကြီးရှိပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အ ဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က