မက်တော်မီနေးရဲ့ လှပတဲ့ကန်ချက်က ဂိုးအဖြစ် ပယ်ဖျက်ခံခဲ့ရတာပါ။

စကော့တလန်ဘောလုံးအဖွဲ့ချုပ်ဟာ စပိန်နဲ့ကစားခဲ့တဲ့ပွဲမှာ မက်တော်မီနေးရဲ့ သွင်းဂိုးမရရှိခဲ့တာနဲ့ပတ်သက်ပြီး UEFA ကို စာပို့မေးမြန်းလိုက်ပြီဖြစ်ပါတယ်။ စပိန်က ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စကော့တလန်အတွက် မက်တော်မီနေးက အလွတ်တည်ကန်ဘောကနေ လှလှပပ ကန်သွင်းကာ ဦးဆောင်ဂိုးရယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် VAR ကတော့ ဒီဂိုးမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

တော်မီနေးဟာ ထောင့်ဖြတ်အနေအထားးကနေ ကန်သွင်းခဲ့တာဖြစ်ပြီး တော်တော်လေးလှပတဲ့ ကန်ချက်၊ သွင်းဂိုးဖြစ်ခဲ့တာပါ။ ဒါပေမယ့်လည်း VAR ကတော့ ဂိုးပေါက်ရှေ့မှာရှိနေတဲ့ စကော့တလန်ကစားသမားက စပိန်ဂိုးသမားကို အနှောင့်အယှက်ပေးခဲ့တယ်လို့ ယူဆပြီး ဂိုးမပေးခဲ့ပါဘူး။ တော်မီနေးကိုယ်တိုင်လည်း ဒီအတွက် တော်တော်လေးဒေါသထွက်ခဲ့ကာ ရေဘူးကို ပစ်ပေါက်တဲ့အထိ ပေါက်ကွဲခဲ့ပါတယ်။ 

စကော့တလန်ဘက်က ပေးပို့ခဲ့တဲ့ မေးခွန်းတွေထဲမှာ ကွင်းလယ်ဒိုင်က ကနဦးမှာ ပြစ်ဒဏ်ဘောလို့ သတ်မှတ်ပေးခဲ့ပြီး ရုပ်သံတွေကိုလည်း ဒီအချက်အလက်ကို ပေးပို့ခဲ့ပြီးမှ ၁၆ မိနစ်အကြာမှာ ဘာလို့ လူကျွံဘောလို့ သတ်မှတ်ခဲ့တာလဲဆိုတာ ပါဝင်ခဲ့ပါတယ်။ ဒ့ါအပြင် လူကျွံဘောလို့ သတ်မှတ်ခဲ့ပေမယ့်လည်း VAR က လိုင်းတလိုင်းတည်းသာ ဆွဲပြီး ပြသခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။ 

ဒီပွဲကို ဟော်လန်ဒိုင်လူကြီး Serdar Gozubuyuk က ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ စကော့တလန်အနေနဲ့ အဆိုပါဂိုးရခဲ့မယ်ဆိုရင် ပွဲရလဒ်က ပြောင်းလဲသွားဖွယ်ရာ ရှိခဲ့တာပါ။ ရလဒ်ပိုင်းပြောင်းလဲခဲ့မယ်ဆိုရင် စကော့တလန်ဟာ အုပ်စုပထမနေရာကို ရယူနိုင်ဖို့ အလားအလာကောင်းခဲ့မှာပါ။ အခုတော့ စပိန်က နောက်ဆုံးပွဲအဖြစ် ဂျော်ဂျီယာနဲ့ ကစားရမယ့်ပွဲကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က