ဘယ်လိုတွေတောင် ပျော်နေလဲကွယ်။

Myanmar Idol Season 3 က ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ငွေဇင်လှိုင်းက သက်မွန်ရဲ့ ရှုတင်ကို သွားခဲ့တယ်လို့ သိရပါတယ်။ ငွေဇင်လှိုင်းတစ် ယောက် သူမချစ်တဲ့ သူနဲ့တွေ့ရလို့ ပျော်နေပါတယ်။

Photo : သက်မွန်မြင့် FB

 

Myanmar Idol Season 3 က ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ငွေဇင်လှိုင်းက သက်မွန်ရဲ့ ရှုတင်ကို သွားခဲ့တယ်လို့ သိရပါတယ်။ သက်မွန်ဟာ သူမချစ်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ သက်မွန်ဟာ သူမချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ငွေဇင်လှိုင်း ပြိုင်ပွဲဝင်စဉ်ကလည်း သက်မွန်က အားပေးခဲ့တာ တွေ့ရပါတယ်။

ဒီနေ့မှာလည်း ငွေဇင်လှိုင်းတစ်ယောက် သက်မွန်ရဲ့ ရှုတင်ကိုလိုက်ရှုပ်ပြီး ဓာတ်ပုံတွေအတူတူရိုက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။"သူမနဲ့  အသဲနှလုံးကျောက်ကပ် အူစုံသဲစုံ ဖိုတိုရှူတင်လိုက်ရှုပ်။" ဆိုပြီး စက်တင်ဘာ(၁၃) ရက်နေ့က ငွေဇင်လှိုင်းရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။

Photo : သက်မွန်မြင့် FB

စာတွေရေးတော့မှာလို့ ဆိုလိုက်တဲ့ သက်မွန်မြင့် 

သက်မွန်မြင့်ဟာ ငွေဇင်လှိုင်း Fan Meeting လုပ်တုန်းကလည်း ငွေဇင်လှိုင်းဆီ သွားရောက်ခဲ့တာတွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မြင်မှုလေးက အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ ငွေဇင်လှိုင်းဟာ လက်ရှိမှာ ဖျော်ဖြေပွဲသွားနေရတာ တွေ့ရပါတယ်။ ငွေဇင်လှိုင်းက ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပေမယ့်လည်း  သူမရဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေနဲ့ ပြန်လာခဲ့ပါမယ်လို့ သူမက ပြောပါတယ်။

"ငွေဇင်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေလုပ်ဖို့ရှိတယ်။ ပြီးတော့ ငွေဇင် Single လေးတွေလည်း ထွက်ဖို့ရှိတယ်။Featuring လေးတွေ လည်း ဆိုမယ်။အခုလောလောဆယ် အဆင်သင့်ဖြစ်နေတဲ့ သီချင်း လေးတွေလည်း ရှိတယ်။ ချက်ချင်းချပြဖို့ရတဲ့ အနေအထားမဟုတ်သေး တော့ အကုန်လုံးကို အကောင်းဆုံးပြင်ဆင်ပြီးရင်တော့ ငွေဇင်ပြန် လာခဲ့ ပါ့မယ်။ငွေဇင်မှာကအစကတည်းက သီချင်းတွေ ရှိခဲ့ပေမယ့် ပရိသတ်မရှိခဲ့ဘူး ချပြဖို့အခွင့်အရေးမရခဲ့ဘူး ။ဒါပေမယ့် အခု Myanmar Idol ဝင်လိုက်တဲအချိန်မှာ ပရိသတ်တွေလည်း ရသွားပြီးတော့ ငွေဇင့်အတွက် အားရှိသွားပြီ။ " သူမက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : သက်မွန်မြင့် FB

 

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက် ခဲ့ရပါတယ်။

အခုတော့ သူမရဲ့ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးသို့ ပြန်သွားပြီလို့ သိရပါတယ်။ မကြာခင်မှာ ပရိသတ်တွေရှေ့ကို အနုပညာ လှုပ်ရှားမှုတွေနဲ့ ပြန်လည်ရောက်ရှိလာဦးမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က