ဇွန်လ ၂၅ ရက်နေ့က အလှူလုပ်ခဲ့ကြတာပါ။

မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်နဲ့ ဆုန်သင်းပါရ် တို့ဟာ The 5 Concert ပွဲကြီးကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာကြောင့် ရရှိလာတဲ့ ငွေကြေးတွေကို အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

Photo: Tin Zar Maw

ပရိသတ်အချစ်တော် အဆိုတော် တင်ဇာမော်၊ ကော်နီ၊ မီမီဝင်းဖေ၊ ချောစုခင်နဲ့ ဆုန်သင်းပါရ်တို့ ဂီတ ညီအစ်မတွေ The 5 Concert ပွဲကြီးအောင်မြင်မှုအတွက် ရွှေပြည့်စုံ ဘီပိုးကာကွယ်ရေး ပရဟိတအဖွဲ့ကို အလှူငွေတွေ လှူဒါန်းခဲ့ကြတယ်လို့ဆိုပါတယ်။  

‘’စက်ရေတွင်းအလှူ နတ် လူ သာဓု ခေါ်စေသောဝ်။ ကျွန်မတို့ချစ်ညီအစ်မ၅ယောက်နဲ့အတူ ချစ်ရတဲ့ အစ်မ မနိုင် တို့ရဲ့ အလှူလေးပါ။ ရွှေပြည့်စုံ ဘီပိုးကာကွယ်ရေး ပရဟိတအဖွဲ့မှ ဦးဆောင်၍ သောက်သုံးရေချိုအခက်အခဲ ဖြစ်ပေါ်နေသောကျေးရွာများအား စက်ရေတွင်းများ ၊ လိုက်လံတူးဖော်ပေးလျှက်ရှိရာ၊ မီမီဝင်းဖေ၊ ကော်နီ၊ ချောစုခင်၊ တင်ဇာမော်၊  ဆုန်သင်းပါရ် တို့မှThe 5 Concert ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း အထိမ်းအမှတ် အနေဖြင့် The 5 Concert  ညီအစ်မ(၅)ယောက်တို့သည် ဒေါက်တာနိုင်နိုင်မြင့် ရဲ့ ဦးဆောင်မှုနှင့်အတူ စုပေါင်း၍မြန်မာပြည်အလယ်ပိုင်းမှ သောက်သုံးရေချို အခက်အခဲ ဖြစ်ပေါ်နေသော ကျေးရွာတစ်ရွာတွင် စက်ရေတွင်း တစ်တွင်း တူးဖေါ်ပေးနိုင်ရန် အတွက် အလှုငွေကျပ်(၃၀)သိန်း တိတိ ကို ယနေ့ ၂၅-၆-၂၀၁၉တွင် လှုဒါန်းမှု ပြုခဲ့ကြပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Tin Zar Maw

The 5 Concert ပွဲကြီးကို ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်အားပေးမှု များစွာ ရရှိခဲ့သလို အရမ်းကို ခမ်းနားလှတဲ့ ဖျော်ဖြေပွဲတစ်ခုလည်းဖြစ်ပါတယ်။ တစ်ခေတ်တခါတုန်းကလည်း နာမည်ကျော်ခဲ့ကြတဲ့ အဆိုတော်တွေဖြစ်သလို လက်ရှိအချိန်ထိ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အဆိုတော်ကြီးတွေပါ။

Photo: Tin Zar Maw

မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်နဲ့ ဆုန်သင်းပါရ် တို့ဟာ အနုပညာညီအစ်မတွေဖြစ်သလို ဂီတအလုပ်တွေကိုလည်း အတူတွဲလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ သူတို့တွေဟာ ဂီတအလုပ်တွေ ဆောင်ရွက်နေကြတာဖြစ်သလို တစ်ဖက်မှာလည်း မိသားစုကို အချိန်ပေးနေရတာဖြစ်ပါတယ်။

အဆိုတော် တင်ဇာမော်၊ ချောစုခင် နဲ့ ဆုန်သင်းပါရ်တို့ကတော့ အိမ်ထောင်ကျပြီးသားသူတွေဖြစ်လို့ ခင်ပွန်းဖြစ်သူနဲ့ သားသမီးတွေအပေါ် အချိန်ပေးနေကြတာဖြစ်ပါတယ်။ မီမီဝင်းဖေနဲ့ ကော်နီတို့ကတော့ အိမ်ထောင်မကျသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးတွေ ဖြစ်တာကြောင့် မိဘနှစ်ပါးကို အချိန်ပေး ပြုစုနေကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က