ကလေးတွေကအိမ်ထဲမှာအိပ်ပျော်နေတာပါ။
မီးလောင်စဉ်လူကြီးတွေကအိမ်မှာမရှိဘဲ အိပ်ပျော်နေတဲ့ အသက်(၃) နှစ်နဲ့ (၅) နှစ်အရွယ် ကလေးနှစ်ယောက်ကို အိမ်ထဲမှာ တံခါးပိတ်ထားခဲ့ရာကနေ ကလေးနှစ်ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

photo- စဉ့်ကိုင်မြို့နယ်မီးသတ်စခန်း

မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်မြို့နယ် သပြေရိုးကျေးရွာရှိ နေအိမ်တစ်အိမ်မီးလောင်မှုမှာ ကလေးနှစ်ယောက်ပါသွားခဲ့တယ်လို့ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာမှသိရပါတယ်။

ဒီကနေ့ သြဂုတ်လ(၃၀)ရက်နေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တာပါ။

“ ကျွန်တော်တို့ဆီကို ၈း၁၅ မိနစ်လောက်မှာအကြောင်းကြားလို့မီးသွားရောက်ငြိမ်းသတ်ခဲ့တယ်။ ၈း၃၅ မှာမီးငြိမ်းတယ်။ အိမ်ထဲမှာ အိပ်ပျော်နေတဲ့ အသက်(၃) နှစ်အရွယ်မိန်းကလေးတစ်ဦးနဲ့ အသက်(၅) နှစ်အရွယ်ယောကျာ်းလေးတစ်ဦးမီးထဲပါသွားတယ်။ မီးလောင်တော့လူကြီးတွေကအိမ်မှာမရှိဘူး။အပြင်သွားနေကြတာ ကလေးတွေကအိပ်ပျော်နေတော့ အိမ်တံခါးပိတ်ပြီးထားခဲ့တာလို့တော့ ပတ်ဝန်းကျင်ကပြောကြတယ်။ မီးလောင်တာက ရေခဲသေတ္တာကိုခံထားတဲ့ socket အပူလွန်ကဲပြီးလောင်တာ” လို့ စဉ့်ကိုင်မြို့နယ် မီးသတ်စခန်းမှ တပ်ကြပ်ကြီး ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။ 

photo- စဉ့်ကိုင်မြို့နယ်မီးသတ်စခန်း

မီးလောင်မှုမှာတော့ မီးစတင်လောင်ကျွမ်းတဲ့ မြေစိုက်နေအိမ်တစ်လုံးဆုံးရှုံးခဲ့ပြီး သပြေရိုးကျေးရွာရဲ့တိုးချဲ့ရပ်ကွက်ထဲမှာ ဆောက်လုပ်နေထိုင်ကြတာဖြစ်တယ်လို့ ဦးထွန်းထွန်းဝင်းကပြောပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့ မီးသတ်ဦးစီးဌာနအနေနဲ့ ဆုံးရှုံးမှုတွေတွက်ချက်ပြီတော့ စခန်းကပဲဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ မီးလောင်မှုဖြစ်စဉ်အတွင်းမှာတော့ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးတို့ဖြင့် မိနစ်ပိုင်းအတွင်းမီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က